မမေ့ပါနဲ့

မမေ့ပါနဲ့ 


သူများဆီက မေတ္တာကိုလိုချင်ရင် 
ကိုယ့်ဘက်ကလည်း နွေးထွေးပေးဖို့ မမေ့ပါနဲ့ 

သူများဆီက နားလည်မှုကိုလိုချင်ရင် 
ကိုယ့်ဘက်ကလည်း စာနာပေးတတ်ဖို့ မမေ့ပါနဲ့ 

သူများဆီက ချိုသာတဲ့စကားကိုကြားချင်ရင် 
ကိုယ့်ဘက်ကလည်း ချိုချိုသာသာပြောဖို့ မမေ့ပါနဲ့ 

သူများဆီက အကူအညီလိုချင်ရင် 
ကိုယ့်ဘက်ကလည်း ကျေးဇူးတင်ဖို့မမေ့ပါနဲ့ 

မမေ့ပါနဲ့ 
အရာရာဟာ အသွားအပြန်ရှိတတ်ပါတယ် 

မေတ္တာပေးရင် မေတ္တာပြန်ရတတ်ပါတယ် 
ကိုယ့်ဘက်က ဘာမှမပေးပါပဲနဲ့ 
သူများဆီက ပြန်ရဖို့ မမျှော်လင့်ပါနဲ့ 

အရာရာဟာ အသွားအပြန်ရှိပါတယ် ❣️

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

أحدث أقدم

Comments