ရွေးချယ်တတ်ပါစေ
~~~~~~~~~~~~~~
ဆန္ဒနဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါ
သိက္ခာကိုသာ ဦးစားပေးပါ။
လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ်တဲ့အခါ
လိုအပ်တာကိုသာ ဦးစားပေးပါ။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တဲ့အခါ
ဖြစ်သင့်တာကိုသာ ဦးစားပေးပါ။
လတ်တလော အဆင်မပြေဘူးထင်ရပေမယ့်..
နောင်တချိန် နောင်တ ကင်းလိမ့်မယ်ဆိုတာ သိလာပါလိမ့်မယ်။
ကိုယ့်ကစပြီး ခွင့်လွှတ်ပေးတတ်တဲ့သူဟာ
ဘဝမှာ စိတ်ဓာတ်အခိုင်မာဆုံးသူ။
ကိုယ်ကစပြီး တောင်းပန်တတ်တဲ့သူဟာ
ဘဝမှာ အရဲရင့်ဆုံးသူ။
ကိုယ်ကစပြီး မေ့နိုင်တဲ့သူကတော့
ဘဝမှာ အပျော်ရွှင်ရဆုံးသူပဲပေါ့။
မရှိရင် စာဖတ်ပါ၊
စာဖတ်လို့ ပိုက်ဆံ မရပေမယ့်
ပိုက်ဆံရှာဖို့ အတွေးအခေါ်တွေ
ရပါလိမ့်မယ်။
၁၀နှစ်စာအတွေ့အကြုံကို
ကြိုရချင်ရင် အတွေးအခေါ် ရှိတဲ့
လူကြီးစကား နားထောင်ပါ။
ဘဝမှာ အောင်မြင်ချင်ရင် ရှုံးနိမ့်
ခဲ့ဖူးသူဆီက သင်ယူ လေ့လာပါ။
တသက်လုံး လိပ်ပြာလုံချင်ရင်
ကိုယ်ကျင့်တရားကို လုံခြုံစွာ
ထိမ်းနိုင်အောင် ကြိုးစားပါ။
အသိပညာ အတတ်ပညာကို
ပြည့်စုံ ရင့်ကျက်စေချင်ရင်
လက်တွေ့ လုပ်ဆောင်ပါ။
ကြီးမားတဲ့ နောင်တဆိုတာ
မရှိစချင်ရင် ရွှေထက် တန်ဖိုးကြီးသော အချိန်ကို လေးစားပါ။
ဘဝတစ်ခုလုံး ပျော်ရွှင်ချင်ရင်
ဘယ်အရာကိုမှ သံယောဇဉ်
သိပ်မထားပါနဲ့။
ပူလောင်မှုတွေ အရမ်းများလွန်း
နေရင် ကိုယ့်အတ္တနဲ့ မာနတွေ
လျော့ချပါ။
ဒါကြောင့်..
အကောင်းဆုံး ဆိုတာတွေကို
ပိုင်ဆိုင်ချင်ရင် အကောင်းဆုံး
ဆိုတာတွေနဲ့ ထိုက်တန်အောင်
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။
အထီးကျန်မှုတွေ ပပျောက်ပြီး
ဗဟုသုတ ပွားချင်ရင် စာဖတ်ပါ။.
များများလေ့လာပါ ။
စာပေချစ်သူများကို အစဉ်လေးစားလျက်
မေတ္တာဖြင့်
နှလုံးသားအဟာရဖြစ်စေမည့်စာစုလေးများ
#ပန်းပျိုးလက်
ဖိုင်းတင်း 💪

Post a Comment