ဘဝရဲ့ အဓိပ္ပာယ်

ဘဝရဲ့ အဓိပ္ပာယ်


မတည်မြဲ တဲ့ ရှင်သန်မွေးဖွားခြင်းတွေထဲ ဧည့်သည်အနေနဲ့ အလည် ရောက်ရှိလာတဲ့ အချိန်လေး အတွင်းမှာ ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိရှိပဲဖြတ်သန်း‌ စေချင်တယ်

မို့ကတော့လေ ရှင်သန်လာတဲ့ 
ခဏတာ လေးမှာ ကောင်းမှုတွေ 
အများကြီးလုပ်ပြီး ကုသိုလ်နဲ့ ရှင်သန်‌စေချင်တယ်

မို့အနားကလူတွေအတွက်
ပျော်ရွှင်စရာတွေ ဖန်တီး ပေးပြီး 
နေ့ရက်တိုင်းကို အပြုံးတွေနဲ့ ရှင်သန်စေချင်တယ်

မို့ ချစ်ခင်ရသူတွေလည်း နေ့စဉ်တိုင်းရဲ့ ‌မေးခွန်းအား လုံး အတွက် အဖြေထုတ်ရင်း ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်း နိုင်ကြပါစေရှင့်

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

أحدث أقدم

Comments