စိတ်ပျက်စရာတွေကြားမှာ တိုးတက်နိုင်ဖို့လိုတယ်

စိတ်ပျက်စရာတွေကြားမှာ တိုးတက်နိုင်ဖို့လိုတယ်


တချို့က တိုးတက်ဖို့ပြောရင် အချိန်မရှိလို့၊ ပင်ပန်းလို့၊ ဖိအား‌အရမ်းများလို့ စသဖြင့် ဆင်ခြေပေးကြတယ်။

Reason ပေးတဲ့သူက Result မရတတ်ဘူး။

‌လူတိုင်းမှာ ဖိအားတွေ၊ စိုးရိမ်မှုတွေ ကိုယ်စီရှိတယ်။

အခြေအနေကောင်းတုန်းမှာ လူတိုင်း တိုးတက်နိုင်တယ်။

ဒါပေမယ့် ဖိအားတွေ၊ စိန်ခေါ်မှု‌တွေကြားမှာ လောကကြီးက ကိုယ့်ဘက်မပါရင်တောင်၊ 

ကိုယ့်အတွက် အရာရာက စိတ်ပျက်စရာတွေ ဖြစ်နေရင်တောင်၊

ရှေ့ဆက်တိုးတက်နိုင်တဲ့သူ၊ ဒီခံပြင်းမှုတွေကို ဘဝအပြောင်းအလဲလုပ်ဖို့ လောင်စာအဖြစ် အသုံးချနိုင်တဲ့သူက တစ်နေ့အမြင့်ဆုံး ရောက်မယ့်သူပဲ။ 

အောင်မြင်နေသူတိုင်းက လူတိုင်းလိုပဲ ဘဝကို တစ်ကနေ စတင်ခဲ့ရတယ်။ 

အဆင်မပြေမှု၊ ကန့်သက်မှုတွေကို နာကြည်းမယ့်အစား၊ တိုးတက်မှုလမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်။

ဘယ်လို တိုးတက်မှုမဆို အချိန်‌ပေးရတယ်၊ သွေးနဲ့ချွေးတွေရင်းရတယ်။

ဒါတွေကို လက်ခံပြီး တိုးတက်အောင် လုပ်မလား၊ ဆင်ခြေထိုင်ပေးပြီး ဒုံရင်းအတိုင်းနေမလား ဆုံးဖြတ်ရမှာ ကိုယ်ကိုယ်တိုင်ပဲ။

ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

Post a Comment

Previous Post Next Post

Comments