ဘယ်သူမှ မင်းအနားမှာမရှိတော့တဲ့အခါ
မှန်ထဲကို အပြေးသွားကြည့်လိုက်ပါ
မင်းအနားမှာ တသက်လုံးနေပေးမယ့်သူကို
တွေ့ပါလိမ့်မယ်
သူက မင်းငိုရင် ဝမ်းနည်းပေးတတ်သလို
မင်းပျော်ရင်လဲ သူပျော်နေပေးပါတယ်
မင်းသူ့ကိုမေ့ လောက်အောင်
တခြားသူတွေကို ဂရုစိုက်ခဲ့ဖူးတယ်မလား
မင်းချစ်ပါတယ်ဆိုတဲ့သူတွေ
နာကျင်အောင်လုပ်တော့ သူပဲမင်းအနားမှာရှိပေးခဲ့တာ
မင်းလိုက်ရှာနေတဲ့ အဖော်စစ်ဆိုတာ
မင်းကလွဲပြီး ဘယ်သူ့မှရှိမှာမဟုပ်ပါဘူး
ဒါကြောင့်
ကိုယ့်ကိုယ်ချစ်ပါ
ကျန်းမာအောင်နေပါ
နာကျင်တဲ့အခါ ကိုယ့်ကိုယ်ဂရုစိုက်ပါ
ဝမ်းနည်းတဲ့အခါ ကိုယ့်ကိုယ်နစ်သိပ်ပေးပါ
နေမကောင်းတဲ့အခါ ဆေးတိုက်ပါ
တန်ပြန်မှုမလိုတဲ့ စွန့်ကြဲမှုမျိုးပဲ ပြုလုပ်ပါ
နောက်ထပ် .....စိတ်ပင်ပန်းစေတဲ့အရာတွေကို
မဖန်တီးပါနဲ့
Credit to ယမုန်ဖူး["မ"]♥

Post a Comment