- ကိုယ်ပိုင်လစ်ဟာချက်တွေကို
အချင်းချင်း ဖြေဖျောက်ပေးကြစို့ဆိုပြီး...
" ချစ်တယ် .." ဆိုတဲ့ ခပ်ပေါပေါခေါင်းစဉ်နဲ့
တစ်ယောက်ကိုတစ်ယောက် ..
နှစ်ဦးသဘောတူ အသုံးချတဲ့ပုံစံမျိုးမှာတောင် ..
ပိုနက်နဲမိတဲ့သူဟာ ပိုဒဏ်ရာရတတ်တာပဲ ..
You used me .. I used you too ..
But, unfortunately I got deep down .. ပါပေါ့ ..
ခံပြင်းစရာကိစ္စရှိနေရင်တောင် ..
ခွဲခွာပြီးချိန်မှာ ..
ပိုနက်နဲမိသူအတွက်က အရာရာပ်ိုခက်ခဲတယ် ..
ဒဏ်ရာတူတူရကြတာပါပဲ ..
ဒါပေမယ့် .. Someone's wound is more painful ..
စိတ်ရောကိုယ်ပါ နစ်ဝင်မိလေလေ
ဒဏ်ရာက ပိုနက်လေလေ ပိုကြာလေလေ..
အမာရွတ်က ပိုကြီးလေလေပဲ ..
So..,စကတည်းက သူ့ထက်ကိုယ်က
ပိုပြီးပေါ့ပေါ့ပါးပါးလည်းမဖြစ်နဲ့..
ပိုပြီး လေးလေးနက်နက်လည်းမဖြစ်နဲ့ ...
Jz stay on the boundry .. !
တစ်ဖက်က ..အချိန်တိုတစ်ခုအတွင်းမှာ
အကုန်လွှတ်ချပစ်ခဲ့ပြီး ..
သူရယ်မောပေါ့ပါးရာ တစ်နေရာဆီ ရောက်နေချိန် ..
ပိုနစ်ဝင်မိတဲ့သူဟာ လေးလံပြီးကျန်နေဆဲ ..
အကြာကြီး ..။
မေ့ဖို့ ကြိုးစားရတယ်ဆိုတာ ..
နှစ်တွေရင်းပြီး ..
နေ့တိုင်း လဲကျနေတဲ့ ကိုယ့်ကိုယ်ကို ပြန်ထူပြီး ..
ကြိုးစားအသက်ရှင်ရတာပဲ ..
ရှင်သန်တာတောင်မဟုတ်ဘူး ..
တစ်နေ့ပြီး တစ်နေ့
သူ့နားက မဟုတ်တဲ့
ကိုယ့်တခြား ပုံစံကို မရမက တည်ဆောက်ပြီး ..
ကိုယ်လည်း ကွဲပြားသွားပါပြီဆိုတဲ့
မရေမရာယုံကြည်ချက်ကို ..
ကိုယ့်ကိုယ်ကို ပေးနေရတာမျိုး ..
တည်ဆောက်နေရင်းလည်း ..
ထစ်ခနဲဆို ရုတ်တရက်လဲပြိုကျသွားတာမျိုး ..
သစ်သားတုတ်ချောင်းလေးတွေ
တစ်ဆင့်ချင်းစီပြီး ဆော့ရတဲ့
Stacking Game ဆော့သလိုလေ ..
အပေါ်ထိ အများကြီး..
တစ်ချောင်းပြီး တစ်ချောင်း ..
ဆင့်လာပြီးမှ ..
ရုတ်ခနဲ အလယ်ကတစ်ချောင်းကို ဆွဲနှုတ်မိလိုက်ရင်
တည်ဆောက်ထားသမျှဟာ
ချက်ချင်းပြိုလဲကုန်တော့တာ ..
အဲဒီဆွဲနှုတ်မိလိုက်တဲ့ သစ်ချောင်းကို
"သတိရခြင်း" လို့ခေါ်တယ် ..
နေ့တိုင်းကိုယ်တည်ဆောက်နေတဲ့အရာကို
ကိုယ်တိုင်ပဲ ပြန်ဖြိုချလိုက်သလိုမျိုး ..
စိတ်ပျက်စရာကောင်းတာက ..
ကိုယ်တို့ရဲ့ စိတ်နဲ့ကိုယ်ဟာ ..
အဲဒီ သစ်သားချောင်းကို ဆွဲနှုတ်မိဖို့အတွက် ..
သိပ်ကို လွယ်လင့်တကူ အဆင်သင့်ဖြစ်နေကြတယ် ဆိုတာပါပဲ ... ။
-xenon-
#StarDust

Post a Comment