❝ ရမ်းသမ်းအပြစ်မပြောပါနဲ့ ❞
လူတစ်ယောက်ကို အတိတ်က
မကောင်းကွက်တစ်ခု အသေကိုင်ထားပြီး
အပြစ်ပြောတတ်တာဟာ စိတ်ထားညံ့တဲ့
လူတော်တော်များများရဲ့ အကျင့်စရိုက်တစ်ခုပါ။
အတိတ်က မှားခဲ့တာကိုကြည့်ပြီး အခုလည်း
မှားနေတုန်းပဲလို့ အပြစ်ပြောရင် မှားသွားမှာပေါ့။
အခု သူဘာဖြစ်နေလဲ၊
အခု သူဘာလုပ်နေလဲဆိုတာကိုပဲ ကြည့်ပါ။
အခုလက်ရှိ အခြေအနေကို သေချာမသိဘဲနဲ့
အတိတ်က ကိုယ်သိသလောက်လေးနဲ့
ရမ်းသမ်း အပြစ်မပြောပါနဲ့။
အခုလက်ရှိမှာ ကိုယ်အပြစ်ပြောသလိုမျိုး
သူ့ဘက်က မဟုတ်ဘူးဆိုရင်
ကိုယ်ပဲအပြစ်ဖြစ်ပါလိမ့်မယ်။
သူ့ဘက်ကကောင်းရင် ကောင်းနေသလောက်
ကိုယ့်ဘက်က အကုသိုလ်အပြစ် ပိုကြီးမှာပါ....။♥
(အရှင်ဆန္ဒာဓိက)✍👸

Post a Comment