ကိုယ့်ကို မလိုတဲ့သူက တိုက်ခိုက်ကြမယ်...

ကိုယ့်ကို မလိုတဲ့သူက
တိုက်ခိုက်ကြမယ်...


 ကိုယ့်ကို မလိုတဲ့သူက
ဝေဖန်ကြမယ်...

 ကိုယ့်ကို မလိုတဲ့သူက...
ကဲ့ရဲ့ကြမယ်...

ကိုယ့်ကို မနာလိုတာတွေ
များလာလေ...
ကိုယ့်ကို မကောင်းမြင်လာလေ...
ကိုယ့်ကို ကြည့်မရလေဖြစ်လာတာက...
လူ့သဘာဝပါပဲ...

 ဒီအရာတွေကို ဂရုစိုက်နေရင်
သင့်ရွေးချယ်တဲ့ လမ်းကပိုပျောက်လာပါလိမ့်မယ်...

 ကိုယ်လျှောက်ရမယ့် လမ်းသာ
ရဲရဲဆက်လျှောက်ပါ
ဘေးကို ဂရုစိုက်နေတာနဲ့
သင့်ခြေလှမ်းကို ယိုင်မသွားပါစေနဲ့...

 ဘဝမှာ ကဲ့ရဲ့ဝေဖန်တိုက်ခိုက်မှုတွေ
များနေပြီ ဆိုရင်...
သေခြာတယ် သင်သူတို့ထက်သာနေပြီဆိုတာသိလိုက်ပါ... 

လေးစားစွာဖြင့် 
MayHsu (ရာမညမြေ)
30.10.2019(wednesday)

Post a Comment

أحدث أقدم

Comments