မယားကြောက်ဆိုတာ လောကမှာ မရှိပါဘူး
နားပူမခံနိုင်တဲ့ယောကျာ်းပဲရှိတယ်။
မိန်းမကို ကြောက်တာမဟုတ်ဘူး ချစ်တာဆိုတဲ့ ဖာထေးတဲ့ စကားတွေဟာ အပေါ်ယံပါ။
တကယ်တော့ ပွစိပွစိ လုပ်လွန်းတဲ့ မိန်းမတွေကြောင့်
နားမခံနိုင် စိတ်ညစ်မခံနိုင်တဲ့ ယောကျာ်းတွေဟာ
ဖြေလျော့ပေးထားကြရတာပါ။
ဥပမာ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို
အလုပ်ပြီးရင် အိမ်စောစောပြန်ဖို့ မှာထားမယ်ဆိုပါစို့
အဲ့ဒီ့အချိန်မှာ အပေါင်းအသင်းတွေကလည်း
ညဘက် သောက်ကြ စားကြဖို့ ဆွယ်ပါပြီတဲ့
ယူထားတဲ့မိန်းမဟာ နားလည်မှုရှိတဲ့မိန်းမကို
ပိုင်ဆိုင်ထားတဲ့ ယောကျာ်းတစ်ယောက်ကတော့
မျိနျးမကိုဖုနျးဆကျ အကျိုးအကြောင်းပြောပြီး အိမ်ပြန်နောက်ကျလို့ရတယ်။
အယ်...ယူထားတဲ့ မိန်းမကသာ ပွစိ ပွစိ ဆိုလို့ကတော့
ဖုန်းဆက်ပြီး ပြောလည်း ပိတ်ပင်ခံရမဲ့အပြင် နားငြီးဦးမယ်။
မပြောပဲ သွားရင်လည်း ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ကွိုင်မယ်။
ဖုန်းကိုင်ပြီးပြောပြန်ရင်လည်း အကွိုင်ခံရမယ်။
နောက်ဆုံး ဖုန်းမကိုင်လည်း အိမ်ပြန်တာနဲ့
မိုးမီးလောင်ပြီး နားကလိုင်းခံရပြီသာမှတ်
ဒါကို ယောကျာ်းတွေက နားငြီးမခံနိုင် စိတ်ညစ်မခံနိုင်တော့
မိန်းမအကြိုက်ပဲ လိုက်လျောကြရတာပေါ့
ယောကျာ်းမှန်သမျှ နားငြီးမခံနိုင် စိတ်ညစ်မခံနိုင်ကြပါဘူး
တကယ်တော့ ဒါကို သည်းခံနိုင်တဲ့ ယောကျာ်းနဲ့
သည်းမခံနိုင်တဲ့ ယောကျာ်းပဲရှိတယ်။
ဒါကြောင့် မယားကြောက်ဆိုတာ မရှိပါဘူး
နားလည်မှုရှိတဲ့ မိန်းမနဲ့
နားလည်မှုမရှိတဲ့ မိန်းမရယ်လို့သာ ရှိကြတာပါ။
ဒီနေ့လည်း စောစောပြန်ရအုံးမယ်လေ
#ငါတို့သည်_မယကများမဟုတ်
Crd စာပေချစ်သူများ မင်္ဂလာပါ
ဗဟုသုတစာ ပေများ

Post a Comment