ပျောက်သောလမ်းမှာစမ်းတဝါး - မိုးမိုး(အင်းလျား)

ပျောက်သောလမ်းမှာစမ်းတဝါး - မိုးမိုး(အင်းလျား)


" လှိုင်တို့ဟာအိမ်ထောင်မပြုခဲ့ကြဘဲ ချစ်သူဘဝနဲ့သာနေခဲ့ကြရင် ဒီထက်ပျော်စရာကောင်းမှာပဲ "

   ဒီစာအုပ်အစမှာ မဂ်လာဧည့်ခံပွဲကိုအချိန်မီမရောက်လာတဲ့ခင်ပွန်းလောင်းကြောင့်သောကရောက်နေတဲ့မိန်းမ
တစ်ယောက်နဲ့စထားပါတယ်၊
ဒါပေမယ့်နောက်ကျနေတဲ့ခင်ပွန်းလောင်းကလည်း သူ့အကြောင်းနဲ့သူတော့ရှိပါတယ်။
 
    ဧည့်ခံပွဲပြီးတော့ ကြင်စလင်မယားနှစ်ယောက်အတွက်
မဂ်လာဦးည တစ်ညတာဖြတ်သန်းဖို့တောင် နေစရာ
အဆင်သင့်မရှိလို့ သတို့သားက သူတို့မိသားစုနေတဲ့လူပေါင်း တစ်ဒါဇင်လောက်ရှိတဲ့ ၁၂ပေသာကျယ်ဝန်းတဲ့
တိုက်ခန်းမှာဖြတ်သန်းရမှာတဲ့၊ 
နောက်ဆုံးသတို့သားရဲ့ သူငယ်ချင်းက သူ့အိမ်ကိုခေါ်သွားရရှာတယ်၊ပိတ်စရာတံခါးမရှိ ထရံနဲ့သာကာထား
တဲ့အိမ်မှာ မဂ်လာဦးည ကိုဖြတ်သန်းရမယ့်သတို့သမီးက
နှစ်ယောက်ပေါင်းစုံရမယ့်ပထမညမှာတင် မပျော်နိုင်ရှာပဲ
 
" မေတ္တာ နဲ့ထွေးတိုင်း မနွေးပါလားကိုကိုရေ"
လို့ မတွေးကောင်းတာတွေတွေးမိနေပီ
 
  ဒီလိုနဲ့ ဒုက္ခတွေကဒီမှာ ရပ်မသွားသေးဘူး၊
အိမ်ရှာလို့မရသေးတော့ ၁၂ပေသာကျယ်တဲ့ခင်ပွန်းရဲ့
အိမ်မှာလိုက်နေရတော့ ခင်ပွန်းရဲ့မိသားစုနဲ့ လိုက်လျောညီထွေနေရတာတွေ စိတ်ညစ်စရာတွေ ကိုတစ်သီကြီးခံစားရပါတော့တယ်
   
ဘယ်လိုမှနေမနိုင်တဲ့အဆုံး နှစ်ယောက်တစ်အိုးတစ်
အိမ်နေရန်အတွက်အိမ်ရှာတယ်၊
အိမ်ရှာလို့တွေ့ပြန်တော့ လင်မယားနှစ်ယောက်ပြောင်းလာတဲ့ပထမည မှာတင် အပေါ့သွားချင်လို့အဖော်ခေါ်တာတောင် မရင်းနှီးတဲ့ပတ်ဝန်းကျင်မို့  အဖော်မလိုက်ရဲတဲ့ အားကိုးရတဲ့ယောကျ်ား

   လှိုင်က ကိုကို ကိုရှေ့ကဦးဆောင်နိုင်ပြီး အားကိုးလို့ရတဲ့
အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်စေချင်တယ်၊
   
ကိုကို(မောင်ကြည်သာ)ကတော့ "ယောကျ်ားတစ်
ယောက်ဟာအချိန်မှန်အိမ်ပြန်လာတယ်၊ရတဲ့ငွေကိုမှန်
မှန်အပ်တယ်၊အလေမလိုက်ဘူး၊ မိန်းမကိုမနှိပ်စက်ဘူးဆိုရင် အဲဒီမိန်းမအင်မတန်ကံကောင်းတာ လှိုင်ရဲ့" တဲ့

  ဒီလိုနဲ့ မသိတတ်တာတွေ အခန့်မသင့်တာတွေများလာရတယ်
   
  လှိုင်နဲ့ကိုကို ရဲ့အိမ်ထောင်ရေးဟာနောက်ဆုံးနှစ်ဦး
သဘောတူနားလည်မူယူပြီးပြေလည်အောင်နေကြတာတောင် မပြေလည်တာတွေများလာရပြန်တယ်
 
   ကျန်တာတွေကို ဒီစာအုပ်ထဲမှာအဖြေရှာကြည့်ကြပါဗျ
 
အချစ်တစ်ခုနဲ့အိမ်ထောင်ထူထောင်ခဲ့တာတောင် 
အချစ်ကအရာရာမဖန်ဆင်းပေးနိုင်တာကို ဒီစာအုပ်မှာ
မြင်ရမှာပါ။

     လှိုင်နဲ့ကိုကို တစ်ယောက်ကိုတစ်ယောက်ချစ်လို့
လက်ထပ်ခဲ့တာဆိုပေမယ့် အိမ်ထောင်ကြတဲ့နေ့ကစပြီး ချစ်တဲ့အကြောင်းတီ"တာ"ပြောနေ့ရမယ့်အစား 
စားဝတ်နေရေးပြဿနာနဲ့ပဲတိုင်ပတ်နေကြရတယ်
   
    ဘဝကမအေးအေးဝင်းစီ စဥ်သလိုမဟုတ်တော့ ဘဝ
မှာအချစ်တစ်ခုတည်းနဲ့မပြည့်စုံဘူးဆိုတာကို လက်တွေ့ကျ"မြင်ရမှာပါ။

ကျွန်တော်ကိုယ်တိုင်လည်း အိမ်ကိုဦးဆောင်နေရ စျေးကိုကိုယ်တိုင်သွားနေရတာကြောင့်ကုန်စျေးနှုန်းတက်တဲ့
ပြဿနာကိုရင်ဆိုင်နေရသူမို့ လှိုင့်ကို ကိုယ်ချင်းစာနိုင်ပါ
တယ်။

   ဒီစာအုပ်ထဲမှာ အဆောင်နေကျောင်းသူတွေရဲ့ဘဝအမျိုးမျိုး၊ရင်ဆိုင်ရတဲ့ပြဿနာတွေကိုလည်းမြင်တွေ့ရမှာပါ
  ပျော်သလို နေချင်သလိုနေခဲ့ရသည့်တိုင်နောက်ခံ
အင်အားကောင်း၍ဘဝကိုအနိုင်ယူနိုင်သော 'ကြည်မေဦး'
လိုမိန်းကလေး
 
ကိုယ်စိတ်ဝင်စားတဲ့ကိုယ်ဝါသာနာကို အကောင်
ထည်ဖော်နိုင်တဲ့ 'မြမြသင်း'လိုမိန်းကလေး
 
ကိုယ်လိုချင်နဲ့ပန်းတိုင်မရောက်ခင် နောက်ဆုတ်
ထွက်ပြေးခဲ့ရတဲ့'ထွေးထွေး'လို မိန်းကလေး

ချို့တဲ့ဆင်းရဲတဲ့ဘဝကို ရရာနည်းနဲ့ဖြည့်စွမ်းနိုင်ရန်ကြိုးစားရင်းဘဝဆုံးခဲ့ရတဲ့'သီတာနွယ်'လိုမိန်းကလေး
 
ချမ်းမြေ့သာယာတဲ့အိမ်ထောင်တစ်ခုဖန်တီးတည်ဆောက်လိုက်မယ်လို့ အားခဲပြီးမှထင်သလောက်မလွယ်ရည်မှန်းချက်ပျက်ခဲ့ရတဲ့ 'နီနီလှိုင်'လိုမိန်းကလေး
 
  စတဲ့အင်းလျားအဆောင်နေ ကျောင်းသူတွေရဲ့ဘဝအမျိုးမျိုးကိုမြင်ရမှာပါ
 
 ဒီစာအုပ်ရဲ့ဇာတ်သိမ်းကိုဆရာမကဘယ်လိုအဆုံးသတ်ရမှန်းမသိဘူးလို့ပြောထားပါတယ်။

 ၁၉၇၄ခုနှစ်အမျိုးသားစာပေဝတ္ထုရှည်ဆုရစာအုပ်
ကောင်းတစ်အုပ်လည်းဖြစ်ပါတယ်။
   
   ဒီစာအုပ်ကို အချစ်ရှိရင်အရာ"ပြည့်စုံပြီ အချစ်နဲ့သာဆိုမီးပင်လယ်လည်းဖြတ်ရဲတယ်ဆိုတဲ့မိန်းကလေးတွေသာမကယောကျ်ားလေးတွေပါဖတ်သင့်တဲ့စာအုပ်ကောင်း
တစ်အုပ်ပါ

  ဒီစာအုပ်ကိုဖတ်ပြီးအိမ်ထောင်ပြုချင်စိတ်ပါကုန်တယ်လို့မမြင်ပါဘူး အချစ်ထက်အရေးကြီးတဲ့အရာတွေ ဒီဝတ္ထုထဲကဇာတ်ကောင်လှိုင်နဲ့ကိုကိုဟာအစစအရာရာဘာမှအဆင်သင့်မဖြစ်သေးပဲ လက်ထပ်လိုက်မိလို့ကြုံရတာလေးကိုဆရာမကထောက်ပြထားပါတယ်
 
" ကိုကိုရယ်
       အိမ်ထောင်တစ်ခုကိုအချစ်နဲ့ထူထောင်ရင် ပြည့်စုံပြီလို့ထင်ခဲ့တယ်၊တကယ်တမ်းကျတော့ စိတ်ကူးယဥ်နဲ့လက်တွေ့ဘဝဟာတစ်ခြားစီပါပဲ။

    လှိုင်တို့ချစ်ခဲ့ကြတုန်းက ဆီပြဿနာ၊ဆန်ပြဿနာတွေမတွေးခဲ့မိဘူး၊နေစရာဆိုတာ ရှာရင်တွေ့မှာပဲလို့လွယ်"ပဲထင်ခဲ့တယ်၊တကယ့်တကယ်ကျမှ နေဖို့စားဖို့ဆိုတာ အချစ်ထက်ကြီးမားတဲ့ပြဿနာတွေပါလားဆိုတာ သိခဲ့ရပြီ "

အိပ်ချင်မူးတူး နဲ့ပြန်ရေးရတဲ့ reviewလေးမို့အမှားပါရင်တောင်းပန်ပါတယ်ဗျ❤️

Review by- A Tay
(Photo)A Tay

(ခွင့်ပြုချက်ယူပြီး)

-------------------------

စာအုပ်တန်ဖိုး-3000ကျပ်
#ပျောက်သောလမ်းမှာစမ်းတဝါး
#မိုးမိုးအင်းလျား

----


Post a Comment

أحدث أقدم

Comments