အမိုးနီးယားဓာတ်ငွေ့နဲ့ ထိတွေ့မိခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

အမိုးနီးယားဓာတ်ငွေ့နဲ့ ထိတွေ့မိခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း
=================


အမိုးနီးယားက ခန္ဓာကိုယ်ထဲကို ပုံစံသုံးမျိုးနဲ့ ဝင်ရောက်နိုင်ပါတယ်။ ဓာတ်ငွေ့ကို ရှူမိတာ၊ မျိုချတာနဲ့ အရေပြားနဲ့ ထိတွေ့မိတာတွေကပါ။ အမိုးနီးယားဓာတ်ငွေ့ဟာ အရာဝတ္ထုတွေကို စားတဲ့ဂုဏ်သတ္တိရှိပါတယ်။ 

ထိတွေ့မှုပုံစံပေါ်မူတည်ပြီး ကျန်းမာရေးဆိုးကျိုးပြင်းထန်မှုကွာပါတယ်။ လေထုကနေတဆင့် အမိုးနီးယားဓာတ်ငွေ့ပမာဏများများနဲ့ ထိတွေ့မိမယ်ဆိုရင် ချက်ချင်းဆိုသလို မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းမှာ ပူစပ်ပူလောင်တာတွေ၊ မျက်ရည်ပူကျတာတွေဖြစ်နိုင်ပါတယ်။ ပမာဏလည်းများတယ်၊ ကြာကြာလည်း ရှူမိမယ်ဆိုရင် မျက်စိကန်းတာ၊ အဆုတ်ပျက်စီးတာနဲ့ သေဆုံးတာအထိဖြစ်နိုင်ပါတယ်။ 

နည်းနည်းပါးပါးပဲ ရှူမိမယ်ဆိုရင်တော့ ချောင်းဆိုးတာ၊ နှာခေါင်းနဲ့ လည်ချောင်းယားယံတာတွေ ဖြစ်နိုင်ပါတယ်။ အမိုးနီးယားရဲ့ အနံ့က သိသာပါတယ်။ ရှူမိတာနဲ့ ကျပ်လာပါတယ်။

အမိုးနီးယားဓာတ်ငွေ့ စိမ့်ပြီဆိုရင်
- ဖြစ်တဲ့နေရာကနေ မြန်မြန်ဆန်ဆန်ထွက်ခွာရပါ။ ပြီးသွားပြီပဲဆိုပြီး ဆက်နေလို့မရဘူး။ 
- ဓာတ်ငွေ့ထိထားတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ပါ။ ချွတ်တဲ့အခါ မျက်နှာတဲ့ မထိအောင် ချွတ်ပါ။ အဲဒီအဝတ်အစားတွေကို အလုံပိတ်အိတ်ထဲ ထည့်ထားပါ။ ကလေးတွေ မမှီနိုင်တဲ့ နေရာမှာထားပါ။
- အရေပြားကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ဆေးရမယ်။ မျက်လုံးကိုလည်း ရေများများနဲ့ ဆေးချပါမယ်။
- မျက်ကပ်မှန်တပ်ထားတာရှိရင် ချက်ချင်းချွတ်ပစ်ပါ။
- မျက်မှန်တပ်ရင် မျက်မှန်ကို ဆပ်ပြာနဲ့ရေနဲ့ဆေးကြောပြီးမှ ပြန်ဝတ်ပါ။
- အရေပြားကိုဆေးတဲ့အခါ ဆပ်ပြာမရှိလို့ဆိုပြီး အစွန်းချွတ်ဆေးမသုံးရပါဘူး။  

အဓိကအချက်ကတော့ အမိုးနီးယားက သူနဲ့ထိတွေ့တာတွေကို စားတဲ့အတွက်ကြောင့် ထိတွေ့မှုမဖြစ်အောင်နေပါ။ ထိတွေ့ထားတယ်လို့ ယူဆရင် အမိုးနီးယားတွေ လုံးဝကုန်သွားအောင် ထိထားတဲ့နေရာတွေကို ရေများများနဲ့ ဆေးချပါ။

အမိုးနီးယားအဆိပ်သင့်တာအတွက် ဖြေဆေးမရှိပါဘူး။ ဒါပေမယ့် ထိတွေ့မိတဲ့ လက္ခဏာတွေက ကုလို့ ရပါတယ်။ လက္ခဏာတွေ ပြင်းထန်တယ်ဆို ဆေးရုံဆေးခန်းအမြန်သွားပါ။ ရောဂါအခံရှိတဲ့သူတွေ (အထူးသဖြင့် အဆုတ်ရောဂါ)၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အထူးဂရုစိုက်ပါ။

Credit#
ဒေါက်တာသူရိန်လှိုင်ဝင်း

Post a Comment

أحدث أقدم

Comments