ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !

ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


     တစ်ခါက ရွာတစ်ရွာမှာ 
လူ၂ယောက် တစ်နေကုန်စကားများငြင်းခုန်နေကြတယ်။ 
တစ်ယောက်က ၈x၃=၂၁ လို့ပြောတယ်။ 
နောက်တစ်ယောက်က "မဟုတ်ဘူး မှားနေတယ်။ 
၈x၃=၂၄ မှ အမှန်" ဆိုပြီး 
စကားများကြတာ ရွာသူကြီးအိမ်ရောက်လာကြတယ်။ 

       သူကြီးက ဖြစ်စဉ်ကိုနားထောင်ပြီး 
၂၄ လို့ပြောတဲ့သူကို ကြိမ်ဒဏ်ပေးခိုင်းလိုက်တယ်။ 

ရိုက်ခံရတဲ့သူကမကျေမနပ်နဲ့ သူကြီးကို ပြန်ပြောတယ်။ 

သူမမှားဘဲနဲ့ ဘာလို့ ကြိမ်ဒဏ်ပေးခံရသလဲပေါ့။ 

သူကြီးကပြောတယ် ၈x၃ =၂၁ လို့ပြောတဲ့သူနဲ့ 
တစ်နေ ကုန် ငြင်းခုန်ပြီးစကားများနိုင်ရအောင် 
မင်းလောက်အသိဉာဏ်မရှိတဲ့သူကို 
အပြစ်မပေးရင် ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုပြီး
ပြောပာတယ်။

       ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာလည်း 
ဒီလိုလူတွေနဲ့ အမြဲတွေ့ရတတ်ပါတယ်။ 

လျှာအရိုးမရှိတိုင်းပေါက်တတ်ကရတွေပြောပြီး 
သူထင်ရာပဲအမြဲမှန်တယ်လို့ထင်နေတတ်တဲ့သူနဲ့
ပြိုင်ငြင်းရင် ပါးစပ် ( ၁၀) ပေါက်လောက်ပါလဲ 
ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။ 

နောက်ဆုံး ဒုက္ခရောက်ပြီး 
ဉာဏ်မရှိတဲ့လူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။ 
ဒီအတိုင်းလွှတ်ထားလိုက်တာက 
ပိုအဆင်ပြေနိုင်ပါတယ်။

ဒါကြောင့်
ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့.... !

မူရင်း - Credit✍👸

Post a Comment

Previous Post Next Post

Comments