ဘဝရဲ့ ဦးတည်ရာကို ရှာဖွေပါ ။

ဘဝရဲ့ ဦးတည်ရာကို ရှာဖွေပါ ။ 


ဘဝဆိုတာ အချိန်တွေနဲ့တည်ဆောက်ထားတာ ဖြစ်ပြီး အချိန်တွေကို ဖြုန်းပစ်တယ်ဆိုတာ ဘဝကို ဖြုန်းပစ်တာနဲ့ အတူတူပါပဲ ။ ကျွန်တော်တို့ဟာ ကိုယ့်ဘဝအတွက်အရေးမပါတဲ့ကိစ္စတွေ၊အရေးမပါတဲ့အကြောင်းအရာတွေ၊ အသုံးမဝင်တဲ့ လူတွေ အပေါ်မှာလည်း အချိန်တွေ၊စိတ်အင်အားတွေ အများကြီးကိုဖြုန်းတီးနေမိကြပြီး ဘဝအတွက်တကယ်လိုအပ်နေတဲ့အရာတွေကိုတော့ ဦးတည်ဖို့မေ့နေကြပါတယ်။ 

ဘာကို ဦးတည်မလဲဆိုရင် 
ဘယ်လိုရှင်သန်မလဲ ဘယ်လမ်းကိုရွေးမလဲဆိုတာတွေပါပဲ။တသ်ယောက်နဲ့တစ်ယောက်တော့မတူညီကြတာမို့ ကိုယ်လျှောက်ချင်တဲ့လမ်းကိုကိုယ်ကသေချာရွေးချယ်ပြီးအဲ့လမ်းကိုတစ်စိုက်မတ်မတ်လျှောက်မယ်ဆိုရင် မလိုအပ်တဲ့အရာတွေ၊အကြောင်းအရာတွေ၊လူတွေအပေါ်မှာ စိတ်ဝင်စားမှု၊အလေးထားနိုင်မှုလျော့နည်းလာပြီး စိတ်ခွန်အားအပြည့်နဲ့ အိပ်မက်တွေ၊ရည်မှန်းချက်တွေဆီကို ဦးတည်နိုင်မှာပါ။ 

ပိုက်ဆံချမ်းသာချင်သလား…ပိုက်ဆံရှာဖို့ နည်းလမ်းတွေကိုတွေး၊ ပိုက်ဆံကိုကြိုးစားရှာ။ 
ပညာရှာချင်သလား၊စာကိုတစ်စိုက်မတ်မတ်လုပ်၊လေ့လာဆည်းပူး သင်ယူပါ။ 
ရည်မှန်းချက်တစ်ခြားတစ်ခုလား အနည်းဆုံး လမ်းကို ၂မျိုး ရွေးထားပါ။တစ်လမ်းမရရင်နောက်တစ်လမ်းက သွားပါ။ပထမ ၊ဒုတိယ၊တတိယ စတဲ့ အရံအစီအစဉ်ထားရှိပါ ။ ဇွဲရှိမှ အောင်မြင်နိုင်မှာပါ။ သို့ပေမယ့် လောကကြီးမှာ 100%အာမခံလို့ရတာတော့ မရှိပါဘူး ။ အောင်မြင်မယ်၊မအောင်မြင်ဘူးဆိုတာ ကြိုးစားအားထုတ်မှု၊ ကံ၊ညဏ်၊ဝိရိယ အားလုံးလိုအပ်ပါတယ်။ 

သင့်ရဲ့ဘဝအချိန်တွေကို ရင်းနှီးလိုက်ရရင်တောင် နောင်တမရမယ့်အလုပ်ကို လုပ်ပါ။ အောင်မြင်ခြင်း၊မအောင်မြင်ခြင်းထက် အနည်းဆုံး ငါကြိုးစားခဲ့တယ်ဆိုတဲ့ ဘဝအတွက် ကောင်းမွန်တဲ့ စိတ် ၊ အားထက်သန်တဲ့စိတ်ပါ။ ဘဝဟာဘယ်အခြေအနေမှာမဆို ကြိုးစားနေထိုင်ရမှာပါ သင်ကြိုးစားမှု၊သင့်အချိန်တွေ၊စိတ်ခွန်အားတွေနဲ့ တန်တဲ့ အရာတွေ၊ရည်မှန်းချက်တွေအပေါ်မှာ စိတ်ကိုကော၊ဘဝကိုကော နှစ်မြုပ်ထားပါ။ 

သင့်ဘဝက အများကြီးပိုပြီး အဓိပ္ပါယ်ရှိလာပါလိမ့်မယ်။

စာအုပ်ဝယ်ယူရရှိနိုင်သောဆိုင်များ



#Nayvel

Post a Comment

أحدث أقدم

Comments