``မမေ့နဲ့´´
------
ကိုယ့်ကို မတူသလို မတန်သလို
ဆက်ဆံခဲ့တဲ့သူတွေ.....
ကိုယ့်ရဲ့ အားနည်းချက်ကိုမှ
ရိုက်ချိုးဖျက်ဆီးပစ်တဲ့သူတွေကို မမေ့စေနဲ့။
ကိုယ့်ဘဝ နုံချာဆင်းရဲ ရည်မှန်းချက်တွေ မပြည့်ခင်မှာ
ကဲ့ရဲ့ခဲ့တဲ့သူတွေကို ဘယ်တော့မှ မမေ့ပါနဲ့။
ကိုယ့်ကို မဲ့ပြ ရွဲ့ပြခဲ့တဲ့ သူတွေကို မှတ်ထား။
ကိုယ့်ကို နာကျင်အောင်လုပ်ခဲတဲ့သူတွေကို တစ်ချိန်မှာ
အပြုံးလှလှလေး ပြုံးပြနိုင်အောင် ကြိုးစား။
တစ်ချိန်က သူတို့မကောင်းမှုတွေကို မတွေးနဲ့
သူတို့က ကိုယ့်ကို ခွန်အားတွေ ပေးခဲ့တာလို့ သဘောထား။
မမေ့နဲ့
အတိတ်က ကိုယ့်ကို နှိမ့်ချခဲ့တဲ့သူတွေကို
အပြုံးနဲ့ပဲ ဆက်ဆံလိုက်ပါ။
🍓🙆...🤗
#ဦးဘုန်း

Post a Comment