✨ ကျွန်မဖတ်ခဲ့သောစာအုပ်များ // ဂျူး
ဘယ်စာရေးဆရာ အကြိုတ်ဆုံးလဲဟု မေးလာတိုင်း ကျွန်မဖြေရခက်တတ်ပါသည်။
ကျွန်မသည် စာမျိုးစုံ ကို တက်နိုင်သမျှ ဖတ်သူဖြစ်သည်။
အကြိုက်ကလဲ အမျိုးစုံပါသည်။
စာရေးဆရာများကလည်းအမျိုးစုံလှသည်မဟုတ်လား။
အင်္ဂလိပ်စာရေးဆရာများ၊အမေရိကန်စာရေးဆရာများ၊ပြစ်သစ်စာရေးဆရာများ၊ ရုရှားစာရေးဆရာများ၊ဂျာမာန်စာရေးဆရာများ၊သူတို့အားလုံး ကမ္ဘာကျော်စာရေးဆရာများချည်းဖြစ်သည်။စာအုပ်တွေဖတ်တိုင်း ဝတ္ထုရေးချင်စိတ်နှင့် ဝတ္ထုရေးရမှာကြောက်သောစိတ်သည် အမြဲတွဲနေတက်၏။
ဝတ္ထုရေးချင်စိတ်မှာအားကျစိတ်ကိုအခြေခံပြီးရေးရမှာကြောက်သောစိတ်မှာ ရှက်ရွံ့အားငယ်စိတ်ကိုအခြေခံပါသည်။ စာရေးသူတိုင်းသည်ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးနေသူများဖြစ်သောကြောင့် တာဝန်အလွန်ကြီးပါသည်။
ထိုတာဝန်ကိုကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့် ရင်းရမည်။
ထိုဂုဏ်သိက္ခာဖြင့် ရင်းရမည်။
ထိုဂုဏ်သိက္ခာကိုလည်း ကျွန်မဖတ်သောစာအုပ်များက ပေးအပ်ပါလိမ့်မည်။
-------------------------
💰တန်ဖိုး -၆၀၀၀ ကျပ်
-------------------------
✨

Post a Comment