ကိုယ်လျှောက်ခဲ့တဲ့လမ်း ဘယ်အချိန်ပဲ ပြန်ကြည့်ပြန်ကြည့် လိပ်ပြာသန့်ချင်တယ်ဆိုရင်ရိုးသားမှုတွေနဲ့ လျှောက်လှမ်းပါ ။

ကိုယ်လျှောက်ခဲ့တဲ့လမ်း ဘယ်အချိန်ပဲ ပြန်ကြည့်ပြန်ကြည့် လိပ်ပြာသန့်ချင်တယ်ဆိုရင်ရိုးသားမှုတွေနဲ့ လျှောက်လှမ်းပါ ။ 


အလုပ်ကို ရိုးသားစွာ လုပ်ကိုင်ပါ ။ စကားကို ရိုးရိုးသားသား ပြောဆိုပါ ။ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေတွေအပေါ်ကို ရိုးရိုးသားသား ဆက်ဆံပါ ။

ငွေးကြေးတွေ ၊ ရာထူးဂုဏ်ထူးတွေကသင့်ဘဝကို လုံခြုံမှု အပြည့်မပေးနိုင်ဘူး။
ရိုးသားခြင်းတွေက သင့်ဘဝကို လုံခြုံမှုအပြည့်ပေးနိုင်သလို သင့်ဘဝကို လိပ်ပြာသန့်သန့်နဲ့  ရှင်သန်နိုင်တယ် ။

လောကမှာ စည်းစိမ်ဥစ္စာကြွယ်ဝနေတဲ့သူ အခြွေအရံပေါများနေတဲ့သူတွေ တန်ဖိုးအရှိဆုံးလူတွေလို့ မထင်လိုက်နဲ့ ။ တန်ဖိုးအရှိဆုံး တန်ဖိုးဖြတ်လို့ မရတဲ့သူဆိုတာ
ရိုးသားခြင်းတွေ ရှိနေတဲ့သူက တန်ဖိုး အရှိဆုံးလူပါပဲ။

မိမိဘဝတစ်ခုလုံး နောက်ဆုံးထွက်သက်အထိ ဘဝကို လိပ်ပြာသန့်သန့် တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ ထွက်ခွါသွားခြင်တယ်ဆိုရင်  မိမိမှာ ဘာမှာမရှိခဲ့ရင်တောင် ရိုးသားပါ ။

အရှင်ဇဝန (ရွှေကုန်းမြေ)

အေးချမ်းချင်ရင် စိတ်ကိုပြင်
ဒုတိယအကြိမ်

စာအုပ်တန်ဖိုး-5000ကျပ်🌿

စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက page cbတွင် ဆက်သွယ် မှယူနိုင်ပါတယ် 🌸🍀

(Photo Crd)

Post a Comment

Previous Post Next Post

Comments