#အထင်နှင့်အမြင်

#အထင်နှင့်အမြင်


တခါက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့မိသားစုလေးတစု ရှိပါတယ် ။ မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့..

အပျိုကြီးက "မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့..
ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့.." 
လို သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။

အဲ့ညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို သူ့ဖယောင်းတိုင်ထုပ်ကိုလိုက်ရှာတာပေါ့ .. 
ခဏနေတော့ သူရှာတွေ့သွားတယ်..

တွေ့ပြီးတော့ သိပ်မကြာပါဘူး… တစ်စုံတစ်ယောက်က သူ့အိမ်တံခါးလာခေါက်တာကို ကြားလိုက်မိတယ်။

တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်
တစ်ယောက်က စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ..
 အန်တီတိုအိမ်မှာ ဖယောင်းတိုင်ရှိလား” လို မေးလိုက်တယ်။

အမျိုးသမီးက "အင်း.. ဆင်းရဲလွန်းလို ဖယောင်းတိုင်တောင် 
မဝယ်နိုင်ပါလားနော် ... ဒါပေမယ့် ခဏခဏ လာတောင်းနေ
မှာစိုးရတယ်။ ပေးလိုမဖြစ်ဘူး..” လိုတွေးပြီး “မရှိဘူး” 
လို အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး “ထင်သားပဲ ... အန်တီက 
အခုမှ အိမ်ပြောင်းလာတာဆိုတော့ ဖယောင်းတိုင် မပါလောက်
ဘူးဆိုပြီး မှောင်မဲမဲထဲမှာ အန်တီကြောက်နေမှာစိုးလို သမီးက ဖယောင်းတိုင် 
လာပိုတာ” လိုပြောပြီး အဖာတွေထပ်နေတဲ့အင်္ကျီအိတ်ထဲက
 ဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။

အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး 
ဘာမှပြန်မပြောနိုင်အောင် ဆွံအသွားခဲ့တယ်။

ကိုယ့်ထက်သာ မနာလို၊
ကိုယ့်ထက်နိမ့်ပါးသူအား နိမ့်ချဆက်ဆံသူ
 အဖိုကတော့ အထင် နဲ့ လက်တွေ့အမြင်ဟာ လွဲချော်နေမှာပါ။

လူပီသဖို ရုပ်လှဖိုထက် စိတ်လှဖိုအရေးကြီးတယ်။
ငွေချမ်းသာဖိုထက် စိတ်စေတနာချမ်းသာဖိုအရေးကြီးတယ်။

ချမ်းသာပေမယ့် ယူသောလက်ဖြစ်နေတတ်တယ်။
ဆင်းရဲပေမယ့် ပေးသောလက်လည်း ဖြစ်နိုင်တယ်။
ပေးသောလက်ဖြစ်ဖို့ ငွေချမ်းသာဖိုမလိုဘူး၊
 မြင့်မြတ်တဲ့စိတ်ထား ရှိဖို့သာလိုတယ်။

မြင့်မြတ်သောစိတ်အသိဥာဏ်ပညာမပါပဲ ပိုင်ဆိုင်မှုတွေ 
များသထက် များပြားလာသူတချိုမှာ
ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာကြတယ်...
ဂရုဏာတရားတွေ ပျောက်ကွယ်လာကြတယ်...
သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာကြတယ်...
လူသားအချင်းချင်း ပုံမှန်ဆက်ဆံရေးတွေ 
ကွယ်ပျောက်လာတတ်ကြတယ်...။

ကျွန်တော်တို့နေနေတဲ့ လူပတ်ဝန်ကျင်ကြီးက
ငွေ ရှိမှ လူရာဝင်  ငွေမရှိလိုကတော့
အသက်ရှူတာတောင်အပစ်မလွတ်ဖူး
စားနိုင်သောက်နိုင်သူကို ပိုကျွေးချင်ကြပြီး
ငတ်ပြတ်နေတဲ့သူကိုတော့ 
စေတနာမထားတက်ကြတာ သဘာဝလို
ဖြစ်နေကြပါပြီ  လူတိုင်းတော့မဟုတ်ပါဘူး

#Credit...

Post a Comment

أحدث أقدم

Comments