လက်ပံပင်(အနီ)နှင့်ရောဂါအလိုက် အသုံးပြုပုံ

#လက်ပံပင်(အနီ)နှင့်ရောဂါအလိုက် အသုံးပြုပုံ


၁။ #အဆုတ်အအေးမိခြင်း
လက်ပံပွင့်ကို တညပြည့်အောင် ရေတွင်စိမ်ထားပြီး နံနက်တွင် အဖတ်မျာစစ်ပြီးနောက် မုန်ညှင်းစေ့အနည်းငယ်ထည့်၍ သောက်မူ အဆုတ်ရောင်ရမ်းခြင်းမှ ပျောက်ကင်းပါလိမ့်မည်။

၂။ #အရက်အနံ့ကဲ့သို့ ဆီးရောဂါ
ဆီး၏ အနံ့နှင့်အရောင်အဆင်းတို့သည် အရက်အနံ့အဆင်းကဲ့သို့ ကြိမ်ဖန်များစွာသွားသော ရောဂါဖြစ်မူ လက်ပံခေါက်ကို ပြုတ်၍ သောက်ပါက ပျောက်ကင်း၏။

၃။ #မီးယပ်သွေးလွန်ခြင်း
သစ်နနွင်းကိုသွေး၍ လက်ပံအစေးနှင့်သောက်ပါက မီးယပ်သွေးလွန်နာ ပျောက်ကင်းပါလိမ့်မည်။

မီးယပ်သွေးလွန်ခြင်း(ဆေးတစ်မျိုး)
လက်ပံခေါက်အမှုန့်ကို နွားနို့နှင့်သောက်ပါ။ 
သို့မဟုတ် လက်ပံပွင့်ကို အမှုန့်ပြုလုပ်၍ နွားနို့၊ သကြားတို့ဖြင့် ရော၍ သောက်ပါ။

၄။ #ကျောက်ရောဂါ
လက်ပံစေ့ ၅/၆ စေ့ကို ထန်းလျက်အနည်းငယ်ရော၍ မဝါးဘဲ မြိုချမူ ကျောက်ပေါက်ခြင်းပြင်းထန်သော်လည်း ကျောက်များ တနေ့တခြား နည်းပါးသွားပါလိမ့်မည်။ တစ်ကြိမ်တည်းဖြင့် လက်ပံစေ့ကို မမြိုပါနှင့်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျောက်ရောဖဂါကြီးများပင်ဖြစ်သေည်လည်း ကျောက်အထွက်နည်းပါးခြင်း ကျောက်ဆိုးများထွက်သော်လည်း ကျောက်ကောင်းများဖြစ်စေခြင်း၊ ၄င်းအပြင် ကျောက်ကို ကာကွယ်နိုင်သောသဘောဖြင့် မပေါက်မီကြိုတင်၍လည်း ကာကွယ်နိုင်ပါသည်။

၅။ #သူငယ်နာရေငတ်ဝမ်းကျ
လက်ပံအစေးကို ၁ဲ(၁ပဲ)မှ ၂ ဲသားအထိ သကြားခဲထည့်၍သောက်မူ ရေငတ်ဝမ်းကျ ပျောက်ကင်း၏။

၆။ #ရတ္တပိတ် သွေးအန်၊ သွေးကျ ရောဂါ
လက်ပံပွင့်အမှုန့်နှင့် ပျားရည်ရော၍ လျက်မူ ရတ္တပိတ်ရောဂါ ပျောက်ကင်း၏။

၇။ #ပန်းသေရောဂါ
လက်ပံမြစ်ဥနုနုကို နေရိပ်တွင် အခြောက်လှန်း၍ အမှုန့်ပြုလုပ်ပါ။ ၄င်းဆေးမှုန့် ၆-ပဲသားမျှ သကြားနှင့်ရော၍ စားပါက ပန်းသေခြင်းမှ လွတ်ကင်း၏။

၈။ #သုတ်ဓာတ်အား ပွားများတောင့်တင်းရန်ဆေး
လက်ပံစေ့ ၆-ပဲသား + သကြား ၃-ကျပ်သား + နွားနို့ ၅-ကျပ်သား နှင့် ရော၍ သောက်ပါ။

(တစ်နည်း)
လက်ပံအမြစ်ဥအစို ၃-ကျပ်သားကို ထောင်းထု၍ နွားနို့ ၂၇-ကျပ်သားဖြင့် တညစိမ်ထားပါ။ နံနက်အချိန်တွင် ၄င်းနို့ကို စစ်ယူ၍ သကြား ၁၂-ပဲသား ထည့်၍ သောက်ပါ။
အထူးသဖြင့် ၄င်းဆေးကို ၇/၈ ရက်စသည်ဖြင့် စွဲ၍ သောက်ပါ။
ဓာတ် ၇-ပါးအားနည်းခြင်းနှင့်အတူ သုတ်ဓာတ်အားနည်းခြင်း ပျောက်ကင်းပါလိမ့်မည်။

၉။ #ကိုယ်လက်အင်္ဂါ ကြီး၊ ငယ် အားနည်းခြင်း
ကိုယ်လက်အင်္ဂါ ကြီးငယ်တို့သည် လှုပ်ရှားခြင်းငှာ သွက်လက်ခြင်း မရှိကြပေ။ အားအင် ချိနဲ့နေမူ လက်ပံပင်နုနု၏ အမြစ်အခေါက်ကို အမှုန့်ပြု၍ ပျားရည်၊ သကြားခဲဖြင့် သောက်ပါ။ ပျောက်ကင်း၏။

၁၀။ #ဆီးအောင့်နာ
လက်ပံပင်ငယ်၏ အမြစ်မှုန့်ကို သကြားခဲဖြင့်ရော၍ နွားနို့ပူပူနှင့် သောက်မူ ဆီးအောင့်ရောဂါ ပျောက်ကင်း၏။

၁၁။ #မီးလောင်ခြင်း
မီးလောင်သောနေရာသို့ လက်ပံမှို့သီးကို သွေး၍ လိမ်းပေး၊ ကပ်ပေးမူ အပူသက်သာ၍ အနာလည်း အကျက်မြန်ပါလိမ့်မည်။

၁၂။ #အစာမကြေ အတိသာရဝမ်းသွားခြင်း
လက်ပံစေး ၃/၄-ပဲသားကို အမှုန့်ပြု၍ သကြားခဲနှင့် ရော၍ သောက်ပါက အစာမကြေ အတိသာရဝမ်းသွားခြင်း ပျောက်ကင်း၏။

၁၃။ #ဆီးနှင့်သုတ်ဓာတ် ရောနှောပါလာခြင်း
လက်ပံအခေါက်ကို နွားနို့နှင့်သွေး၍ ဇီယာအမှုန့် အနည်းငယ်ထည့်ပြီး သကြားခဲနှင့်ရော၍ သောက်ပါ။
သုတ်ဓာတ်များ ပွားများ၍ အားအရေကြည်လင်လျက် အားခွန်ဗလ တိုးပွားစေလိမ့်မည်။

၁၄။#နှလုံးရောဂါ
လက်ပံအခေါက်ကို နွားနို့နှင့်ကျို၍ တစ်လတိုင်တိုင် သောက်ပါ။ လေကို နှိမ်နင်းပြီးလျှင် နှလုံးကို အားပေးလိမ့်မည်။
အကယ်၍ တစ်နှစ်တိုင်တိုင် သောက်နိုင်ပါက များစွာအသက်ရှည်စေနိုင်သော "ရသာယနဆေးကြီး" ဖြစ်ပါသည်။
တစ်ခါသောက်မူ လက်ပံခေါက် ၁-ကျပ်သား + နွားနို့ ၂၅-ကျပ်သား နှင့်ကျက်အောင်ကျို၍ သောက်ပါ။

၁၅။ #အပူငြိမ်းလိမ်းဆေး
အနာမီးလျှံ ၊ ရေယုန် စသည်တို့ပေါက်၍ အလွန်ပူလောင်ပါက လက်ပံခေါက်ကို ရေနှင့်သွေး၍ လိမ်းပေးပါ။ ပူလောင်ခြင်း ပျောက်ကင်းပါလိမ့်မည်။

၁၆။ #မျက်နှာအရောင်ကြည်လင်ဆေး
မျက်နှာ၌ အကွက်အထင်းပေါက်ခြင်း အရောင်အဆင်း ညစ်နွမ်းခြင်း ဖြစ်မူ လက်ပံဆူးအဖုကို နွားနို့နှင့်ဖြစ်စေ ဆိတ်နို့နှင့်ဖြစ်စေ သွေးလိမ်းပါ။ 
မျက်နှာအသားချော၍ အရောင်ကြည်လင် လာပါလိမ့်မည်။

၁၇။ #သွေးမြင်းသရိုက် ဝမ်းကိုက်ပျောက် စိမ်ဆေးနည်း
လက်ပံပွင့်၏အိုးဖတ်ကို ညဦးက ရေစိမ်၍ထားပါ။  နံနက်တွင် ရေကိုစစ်၍ သကြားခဲအနည်းငယ်ထည့်၍ သောက်မူ သွေးမြင်းသရိုက် ရောဂါ ၊ ဝမ်းကိုက်ရောဂါများ ပျောက်ကင်းပါလိမ့်မည်။

၁၈။ #ခရုသင်းလိမ်းဆေး
ခရုသင်းရောဂါဖြစ်မူ

လက်ပံပွင့် ၊ 
သလဲသီးအခြံ ၊ 
ကွမ်းရွက် ၊ 
ကွမ်းသီး ၊ 
ထုံး ၊
၄င်းဆေးအစုကို ရောကြိတ်၍ လိမ်းပေးမူ 
ခရုသင်းနာပျောက်ကင်းစေ၏။

Post a Comment

أحدث أقدم

Comments