ဆီးကျောက်တည်ခြင်းကိုသက်သာသွားအောင် ဘယ်လိုလုပ်မလဲ
================
ဆီးကျောက်တည်တဲ့ပြဿနာကိုလည်း နိုင်ငံတော်တော်များများမှာ တွေ့ရပါတယ်။ အိန္ဒိယမြောက်ပိုင်းမှာတော့ ပိုပြီးအဖြစ်များပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လူ (၁၁) ဦးမှာ (၁) ဦးလောက်ပဲ ဒီပြဿနာကို ကြုံတွေ့ရပါတယ်။ ဆီးကျောက်တည်ခြင်းကို ဆေးသောက်ပြီး အစားအသောက်ဆင်ခြင်မယ်ဆိုရင် အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။ ဆီးကျောက်တည်တာ အခြေအနေအရမ်းမဆိုးဘူးဆိုရင် အိမ်မှာပဲ ကာကွယ်ကုသလို့ရတဲ့နည်းလမ်းတချို့ရှိပါတယ်။ ဆီးကျောက်တည်တာ သက်သာပျောက်ကင်းသွားဖို့ ဘယ်လိုလုပ်ရမလဲဆိုရင်...
*ရေများများသောက်ပါ*
သင်က ဆီးကျောက်တည်နေတယ်ဆိုရင် ဆရာဝန်က သင့်ကို ပထမဆုံးအကြံပေးမှာက ရေများများသောက်ဖို့ ပါပဲ။ သင့်ဆီးထဲမှာ ဆားနဲ့သတ္တုဓာတ်တွေ စုပုံသွားတဲ့ အခါမှာ ဆီးကျောက်တွေဖြစ်ပေါ်လာရပါတယ်။ ရေများ များသောက်ပေးတာက ဆီးထဲမှာရှိနေတဲ့ အရာတွေကို လျော့ပါးသွားဖို့အတွက် အကူအညီပေးပါတယ်။ ဆီး ကျောက်တည်တာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ရေ များများသောက်ပေးတာက အကူအညီပေးနိုင်ပါလိမ့် မယ်။
*သံပရို (သို့) သံပုရာရည်သောက်ပါ*
သံပရိုရည်သောက်တာက ဆီးကျောက်တည်ခြင်းမဖြစ် အောင် ကာကွယ်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဆီး လမ်းကြောင်းမှာ ဖြစ်တည်လာတဲ့ ဆားနဲ့သတ္တုဓာတ် တွေက ဆီးကျောက်တွေကို ဖြစ်ပေါ်လာစေပါတယ်။ သံပရိုသီးမှာ ပါဝင်တဲ့ ဆီထရစ်အက်ဆစ်က ဆီး ကျောက်တည်တွေမဖြစ်လာနိုင်အောင် ကာကွယ်ပေး နိုင်ပါတယ်။ တစ်နေ့ကို သံပရိုရည် (၄) အောင်စနဲ့ ရေ (၂) လီတာ သောက်ပေးတာက ဆီးကျောက်တည်ခြင်း ကို လျော့ပါးသွားစေနိုင်တယ်လို့ Journal of Urology မှာ ထုတ်ပြန်ထားတဲ့ လေ့လာချက်မှာတွေ့ရှိခဲ့ရပါတယ်...
*သလဲသီးဖျော်ရည်သောက်ပါ*
သလဲသီးဖျော်ရည်ကို ဖက်ခွက်နာ၊ ပြည်တည်နာနဲ့ ဝမ်းလျှောခြင်းကို ကုသဖို့အတွက် မကြာခဏ အသုံးပြု လေ့ရှိပါတယ်။ သလဲဖျော်ရည်က အန်တီအောက်စီဒန့် ကြွယ်ဝတဲ့အတွက် ဆီးကျောက်တည်ခြင်းကို ကုသတဲ့ နေရာမှာလည်း ထိရောက်မှုရှိပါတယ်။ အန်တီအောက်စီ ဒန့်ဓာတ်က ဆီးကျောက်တည်ခြင်းနဲ့ ဆက်စပ်နေတဲ့ Oxidative Stress တွေကို လျော့ချပေးပါတယ်။ Oxidative Stress ဟာ ကိုယ်ခန္ဓာက ဆဲလ်တွေမြန်ဆန် တဲ့နှုန်း နှင့် ကြီးရင့်လာတဲ့အခြေအနေကို ခေါ်ပါတယ်။ ဆီးကျောက်တည်တဲ့လူတွေက ရက် (၉၀) ကို Pomegranate extract (သလဲသီးနဲ့ထုတ်ထားတဲ့ အားဆေး) ကို (၁၀၀) မီလီဂရမ်သောက်သုံးပေးတဲ့အခါ ဆီးထဲမှာ ဆီးကျောက်တည်ခြင်း ဖြစ်စေတဲ့အရာတွေကို လျော့ပါးသွားစေတဲ့အပြင် အဲဒီလူတွေရဲ့ Oxidative Stress ကိုလည်း လျော့ချပေးတယ်လို့ လေ့လာချက်ကဆိုပါတယ်။
ဆီးကျောက်တည်ခြင်းအတွက် ဒီနည်းလမ်းတွေက အဆင်ပြေပေမဲ့ ဘယ်လိုကုသရမလဲဆိုတာသေချာသိချင်ရင် ဆရာဝန်နဲ့ပြကြည့် တာအကောင်းဆုံးပါပဲနော်။
Credit#




إرسال تعليق