ကမ္ဘာကြီးကိုအလည်အပတ်မသွားနိုင်တဲ့အခါ စာတွေပိုဖတ်ပါ။
တန်ဖိုးသိသောအရပ်မှာ ပျော်ရွှင်စွာနေထိုင်ပါ။
အလုပ်တွေကြိုးစားပြီး
လှလှပပရှင်သန်ပါ။
ပိုက်ဆံစုပါ
ခရီးရှည်ကြီးတွေသွားပါ
သစ်ပင်၊ပန်းပင်တွေကို စိုက်ပျိုးပါ
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။
ကိုယ်ပိုင်အိမ်၊ကိုယ်ပိုင်ခြံ၊ကိုယ်ပိုင်ဘဝကိုတည်ဆောက်နိုင်အောင်ကြိုးစားပါ။
ရုပ်ရည်လှပအောင် ဆေးရောင်စုံတွေနဲ့ခြယ်သသလို
ဘဝနေဝင်ချိန်အတွက်အသုံးဝင်တဲ့စိတ်ထားကိုမွန်မြတ်အောင်ထားပါ။
ရယူသူထက်
ပေးကမ်းနိုင်သူဖြစ်ပါစေ။
မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ
သူတို့သာလျှင်အမှန်ဆုံးလို့ထင်တတ်ကြတဲ့ ပတ်ဝန်းကျင်နဲ့သူစိမ်းတွေကို တိတ်ဆိတ်ခြင်းနဲ့သာတုန့်ပြန်လိုက်ပါ။
လူကောင်းလို့အထင်မခံရရင်နေပါစေ
မင်းခြေလှမ်းတိုင်းက သန့်ရှင်းနေဖို့ပဲလိုတာပါ။
#ဖားစည်ရည်ကျော်
၁၇.၁.၂၀၂၃

Post a Comment