လူတိုင်းမှာ သူ့တန်ဘိုးနဲ့သူရှိပါတယ်
------------------------------------------------------
🌻လောကမှာ ပြည့်စုံတဲ့ လူတန်းစား ဆိုပြီ သီးသန့်မရှိပါဘူး
သုံးစားမရတဲ့လူ , အားနည်းချက်ရှိတဲ့လူ ,အားသာချက်များတဲ့လူ ပဲရှိတာပါ။
🌻ပန်းအိုးလေး တစ်လုံးလမ်းဘေးမှာ
စွန့်ပြစ်ခံရပေမယ့် အရိုးတံပဲ ကျန်တဲ့အပင်လေးကို ပြုစုပျိုးထောင်ပြီး ပြန်လည် ရှင်သန်လာတဲ့အခါမှ ပိုင်ရှင်ရှိတယ်ဆို ပြီး ပြန်လိုချင်နေလို့တော့ဘယ်ရလဲ။
🌻တစ်ခါတလေမှာ ကိုယ့်ကိုကိုယ် တန်ဘိုးမဲ့အောင် လုပ်နေတာ တစ်ခြားသူမဟုတ်ပဲ မိမိကိုယ်တိုင်လည်း ဖြစ်နေတတ်ပါတယ်။
🌻ဘာကြောင့်လဲဆိုတော့ လူအများစုက သူတစ်ပါးနဲ့ယှဉ်ပြီး ကိုယ့်ထက်သာတယ်ထင်ရင် ကိုယ့်တန်ဘိုးကိုယ် အောက်ဆွဲ ချတတ်လွန်းပြီး ကိုယ့်ထက်နိမ့်တယ်ထင်ရင် လိုတာထက် မာန်မာ နအတ္တတွေထောင်လွှာတတ်ကြပါတယ်။
🌻တစ်ကယ်တမ်းတော့ ပန်းဆိုတာ အပင်မြင့်မှာ ပွင့်ပွင့် အနိမ့်မှာပွင့်ပွင့်
ကြွေချင်ကြွေ၊ဝေချင်ဝေ သူ့ကိုတန်ဖိုးထားတဲ့သူရဲ့ လက်ထဲရောက်ရင် ထိုက်သင့်အလျောက်တော့ တန်ဖိုးရှိကြတာပါပဲ။
🌻ချစ်ခြင်းမေတ္တာဟာ တန်ဖိုးထားတတ်တဲ့သူနဲ့တွေ့ရင်တော့ သိပ်ကိုပျော်စရာကောင်းပါတယ်။ဒါကြောင့် အချစ်ကို မရှာနဲ့ အချိန်တန်လို့ သင်နဲ့ထိုက်တန်ရင် သင့်အနားရောက်လာမှာပါပဲ။
လေးစားစွာဖြင့်
#မေဆု(ရာမညမြေ)18.1.2023
#မေဆုရာမညမြေအတွေးစာစုလေးများ
#MayHsuyarmanyamyae

إرسال تعليق