နှစ်သစ်စကားလက်ဆောင်

နှစ်သစ်စကားလက်ဆောင် 


လက်လှမ်းမီသလောက်ပဲ လက်လှမ်းပါ။
ကျေနပ်ရောင့်ရဲတာလည်း ပျော်ရွှင်ခြင်းတစ်မျိုး။

ဘဝကို ရိုးရိုးသားသား ရိုးရိုးရှင်းရှင်းဖြတ်သန်းပါ။ပျော်မဲ့အရာတွေသာ လုပ်ပါ။

ခက်ခဲတဲ့ကြားက ပြုံးရယ်နိုင်ပါစေ။
အပြုံးနဲ့အရာရာကို အနိုင်ယူပါ။

ရယူခြင်းထက် ပေးကမ်းနိုင်တဲ့လက်တစ်စုံ
ဖြစ်အောင်သာ ကြိုးစားပါ။

ပျော်ရွှင်ချင်ရင် လူတွေဆီက အနည်းငယ်ပဲ
မျှော်လင့်ပါ။ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ။
ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဆီကပဲ စတင်ပါ။

အကောင်းမြင်စိတ် မွေးမြူပါ။စိတ်ထား 
လှအောင် အမြဲနေပါ။

စာပိုဖတ်ပါ။အလုပ်ကြိုးစားပါ။ပိုက်ဆံစုပါ။
အထာကျကျ ရှင်သန်ပါ။

ဘာပဲလုပ်လုပ် စေတနာပါပါနဲ့ လုပ်ပါ။
မလုပ်ရင်မလုပ်နဲ့ လုပ်ရင် အကောင်းဆုံးလုပ်။
စေတနာကောင်းရင် ကံကောင်းမယ်။

တခြားသူနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်တာလေး
လျှော့ပါ။လူတိုင်းက ကိုယ့်ဖြစ်တည်မှုနဲ့ 
ကိုယ်ပါ။ကိုယ့်ကံတရားနဲ့ ကိုယ်ပါ။

ကိုယ့်အပေါ် ယုံကြည်မှု အမြဲရှိပါ။လွန်တော့
မလွန်စေနဲ့။ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပါ။

မျက်ရည်ကျပြီးရင် ပြန်ရယ်နိုင်အောင် 
ကြိုးစားပါ။ပျော်တဲ့နေ့ရှိသလို ဝမ်းနည်းရတဲ့
နေ့ရှိမယ်။လူ့ဘဝလား အလုံးစုံတော့ မပြည့်စုံနိုင်ပါ။

ဖြစ်ချင်တဲ့အရာဆီ ပုံမှန်ကြိုးစားသွားပါ။အရောက်သွားပါ။အချိန်တန်ရင် ဘဝက ကိုယ့်အပေါ်
ကံကောင်းခြင်းတွေ အောင်မြင်မှုတွေ တစ်ဖန်
ပြန်ပေးလိမ့်မယ်။Don't give up! 

#နူးနူးအောင် 
January 7,2023

New Year gift

 Reach as far as you can.
 Being satisfied is also a kind of happiness.

 Live life honestly and simply. Only do things that make you happy.

 May you smile despite the difficulties.
 Conquer everything with a smile.

 A hand that can give rather than receive
 Just try to be.

 If you want to be happy, just a little from people
 Hope. Love yourself more.
 Start your happiness with yourself.

 Cultivate positive attitude
 Always stay beautiful.

 Read more. Work hard. Save money.
 Live forever.

 Whatever you do, do it with dedication.
 If you don't do it, then do it best.
 If you are kind, you will be lucky.

 Comparing your life with others
 Reduce. Everyone has their own existence
 Myself. My own luck.

 Always have faith in yourself
 Don't let it pass. Just rely on yourself.

 To laugh again after tears
 Try. There are happy days and sad days
 There will be a day. Human life is not perfect.

 Always try to be what you want to be. You will get there. When the time is right, life is up to you
 Good luck and success again
 It will be returned. Don't give up!

 #Noo Noo Aung
 January 7, 2023

Post a Comment

أحدث أقدم

Comments