မောင်နှမဆိုတာ... ကမ္ဘာပေါ်မှာ ဘုရားပေးတဲ့ အကောင်းဆုံးသော ဆုလာဒ်တစ်မျိုးပါ။

မောင်နှမဆိုတာ...
ကမ္ဘာပေါ်မှာ ဘုရားပေးတဲ့ အကောင်းဆုံးသော
ဆုလာဒ်တစ်မျိုးပါ။


မောင်နှမချင်း အဆင်ပြေချစ်ခင်နေရင်
မိဘတွေလည်း ပျော်ရွှင်ကြည်နူးရပါတယ်။

အချိန်တန် အရွယ်ရောက်လို့ 
အိမ်ထောင်တွေ ကျသွားတဲ့အခါ
မောင်နှမချင်း မခေါ်နိုင် မပြောနိုင်ဖြစ်သွားတာမျိုး
မလုပ်မိစေနဲ့။

ကိုယ့်ရဲ့အနားမှာ ကောင်းခြင်း ဆိုးခြင်းတွေကို
မောင်နှမကလွဲရင် တစိမ်းတွေက
ကြာကြာမျှဝေခံစားမပေးနိုင်ပါဘူး။

တချို့တစိမ်းတွေက ကိုယ်နဲ့အတူ
ကောင်းခြင်းဆိုးခြင်းတွေကို မျှဝေယူပြီး
ထွက်သက်အချိန်ထိ အနားမှာ
အဖော်ပြုပေးသွားပေမယ့်။

တချို့တစိမ်းတွေကျတော့
ကိုယ်သာတဲ့အချိန် သဲ့ယူသွားပြီး
နာလာတဲ့အခါ ရှောင်ထွက်သွားတတ်ကြတယ်။

ဒါကြောင့်မို့
ဘေးတစိမ်း တစ်ယောက်အတွက်နဲ့
မောင်နှမချင်း မခေါ်နိုင် မပြောနိုင်
စိမ်းသွားကြတာမျိုး မလုပ်မိပါစေနဲ့။

လောကကြီးမှာ
ကိုယ်အဆင်ပြေနေတာကို ဝမ်းသာမပေးတဲ့
မောင်နှမရယ်လို့ မရှိသလို

ကိုယ်ဒုက္ခရောက်နေတာကို
ပျော်ရွှင်နေတဲ့ မောင်နှမလည်း မရှိပါဘူး။

အနားမှာ ရှိနေမပေးပေမယ့်လည်း
အဝေးကနေ စိုးရိမ်စိတ်ပူပေးနေတာလည်း
မောင်နှမပါပဲ။

အခက်အခဲ ဒုက္ခတွေနဲ့ကြုံလည်း
ရင်ဆိုင်ဖြေရှင်း အားပေးကူညီမှာလည်း
မောင်နှမပါပဲ။

ဒါကြောင့်
ကိုယ်အိမ်ထောင်ကျသွားပေမယ့်
မောင်နှမချင်း သူစိမ်းလိုမနေပါနဲ့။

သူစိမ်းတွေကြောင့်လည်း မောင်နှမချင်း
သွေးမကွဲပါနဲ့။

သွေးကွဲရင် ဘေးဆွဲလိမ့်မယ်
ဘေးဆွဲရင် တစ်သက်လုံး နောင်တရနေပါလိမ့်မယ်။

မှတ်ချက် ။     ။ မောင်နှမတိုင်း သွေးစည်းနိုင်စေရန်ရည်ရွယ်မိပါသည်။

အချို့သော မောင်နှမများသည် လူစိတ်မရှိတတ်ကြပေ။
အားငယ်သူကို နှစ်သိမ့်ပေးဖို့နေနေသာသာ လျစ်လျူရှုတတ်ကြသူတွေ
ပတ်ဝန်းကျင်မှာ ရှိနေတတ်ပါတယ်။

#crdtooriginalwritter
#sharingknowledgeoldschool
#လူငယ်များအတွက့်စာကြည့်တိုက့်

Post a Comment

أحدث أقدم

Comments