တစ်နေ့သောအခါမှာ
တောင်တန်း တစ်နေရာရာကနေ
ပျော်ရွင်စွာ ငေးကြည့်နိုင်ဖို့၊
လယ်ကွင်း တစ်နေရာရာ ကနေ
ပြုံးပြုံး ရွင်ရွင် တေးသီ နိုင်ဖို့၊
ပင်လယ်ကမ်းစပ် တစ်နေရာရာ ကနေ
လေပြေ လေညင်းတွေကို ခံစားနိုင်ဖို့၊
မှောင်နေတဲ့ ရပ်ကွက် တစ်နေရာရာ မှ
လုံလုံခြုံခြုံ အိမ်ပြန်လာနိုင်ဖို့၊
နှလုံးသားတချို့ကိုတော့ စတေးရဦးမယ်
အိမ်မက်တချို့ကို အလုပ်ပေးရဦးမယ်
ခြေလှမ်းတချို့ကို မညောင်းတမ်း
ဆက် လှမ်း ခိုင်းရဦးမယ်။
Never Stop ဆိုင်းဘုတ်ကို ကိုင်ပြီးတော့ပေါ့၊
ကိုယ့် ဘဝ နဲ့ ကိုယ် ပြောပါတယ်။
#လောင်ပါး

Post a Comment