ဦးတို့ အရွယ်ကိုချစ်ပါ...ချာတိတ်
ဦးတို့အရွယ်ဆိုတာ...
- ချာတိတ်သိချင်တဲ့အကြောင်းအရာ တိုင်းကိုခရေစေ့တွင်းကျရှင်းပြနိုင်တဲ့အရွယ်မျိုး,
.
-ချာတိတ်စိတ်ညစ်ရင် မရိုးနိုင်တဲ့
ဟာသတွေပြောတတ်ပြီးအာရုံလွဲတတ်တာမျိုး
-ချာတိတ်ကိုနှောက်ယှတ်တဲ့ကောင်တွေကို
ဦးနာမည်ပြောလိုက်တာနဲ့
''ဟာ..ဘီးကျဲကိုသိတာပေါ့ "လို့
ပြောရလောက်အောင် မိုက်ခဲ့ဖူးတာမျိုး.
-အတူတူလမ်းလျှောက်နေတုန်း
လမ်းရှေ့ကပိတ်ရန်စတာမျိုးကို အကြည့်တချက်နဲ့
ရှင်းလိုက်ရုံနဲ့ အေးဆေးဖြစ်သွားတမျိုး...
-ဇကောလောက်အတွေးနဲ့ပန်းခြောက်လောက်ဘဲ
တင်စားတတ်တဲ့ ဂျွတ်စပွတ်လေးတွေ
မကြားဖူးတဲ့ ဂလက်စီအလွမ်းကဗျာဖွဲ့ပြတတ်တာမျိုး
-အချစ်အတွက်ဆို အသက်အသေခံမယ်ဆိုပြီး
ရူးကြောင်ကြောင်အတွေးအခော်နဲ့စောက်ပေါလေးတွေ
ကိုတွေ့ရင် ရင်မခုန်နဲ့....
ချာတိတ်ကိုလက်တဖက်ကပခုံးဖက်ထားပီး
အန္တရာယ်အားလုံးကို လက်တဖက်နဲ့ရှင်းလို့ရတဲ့
ဦးတို့အချစ်မျိုးဆို ရူးသွားမှာစိုးလို့...
-တဏှာထချိန်ကလွဲလို့
ဂိမ်းဘဲဆော့နေတဲ့ ငနဲလေးတွေထက်
ချာတိတ်အတွက်
အမြဲတမ်း ဘေးကရှိနေတတ်တာမျိုး....
-ချာတိတ် ပြဿနာတခုခုကြုံလာခဲ့ရင်
ရှေ့မှီနောက်မှီ အတွေ့အကြုံမျိုးနဲ့ဖြေရှင်းတတ်တာမျိုး..
-ချာတိတ်များ ရိုဆန်တာကြိုက်ရင်
ခုခေတ်ကောင်လေးတွေ ရိုမစ်တစ်ဆန်ပြတာမျိုးကို
ဦးတို့က ကြည့်ပြီးပြုံးရုံပြုံးမိတယ်....
-ဦးတို့အရွယ်တွေ Ro ပြီဆိုရင်
ချာတိတ်အသက်ရှုဖို့တောင်မေ့သွားအုံးမျိုး..
-ဦးတို့အရွယ်ကိုချစ်ပါ...ချာတိတ်...
လက်မောင်းတဖက်ကို ခောင်းအုံးရင်း
အချိန်တွေကုန်တာမြန်လိုက်တာ ဦးရယ်လို့
ပြောလာအောင် ချစ်တတ်တာမျိုး..

Post a Comment