မေတ္တာဟာအကောင်းဆုံး ဓာတ်စာတဲ့

မေတ္တာဟာအကောင်းဆုံး ဓာတ်စာတဲ့ 


ဒီနေ့ ဈေးမှာ မနက်စာသွားစားရင်း တွေ့ခဲ့တာ
အဘိုးနဲ့အဘွားလင်မယားထင်ပါတယ်။ အဘွားပန်းကန်ထဲက နံနံပင်လေးတွေတစ်ပင်ချင်းဖယ်ပေးပြီး အမေကြီးစားတော့တဲ့ အဘွားက တစ်စုံတစ်ခုလက်ထဲလှမ်းထဲ့ရင်း ပြန်ပြောတယ် ရှင်ဆေးသောက်ရဦးမယ်လေတဲ့။

အဖေက အလုပ်ကိစ္စကြောင့် ညစာစားချိန်ထိပြန်မလာတော့
အမေစားနှင့်လေဆိုတော့ အမေမဆာသေးပါဘူးတဲ့ အဖေပြန်လာတော့လက်ထဲမှာအမေကြိုက်တတ်တဲ့ ဆီချက်ကလေးနဲ့။ အမေကပြောတယ် ဆာလှပြီ အတူစားရအောင်စောင့်နေတာတဲ့။

အိမ်နားကဦးလေးလင်မယားက သားသမီးမရှိဘူး
ဒါပေမဲ့ သူအလုပ်ကပြန်လာတိုင်းသရေစာမုန့်လေးတွေ ဝယ်ဝယ်လာတတ်တယ်။ တစ်ရက်ကျ သူ့ဘော်ဒါတစ်ယောက်က ကလေးလည်းမရှိမုန့်တွေအများကြီး ဝယ်ပြီး ဘာလုပ်တာလဲမေးတော့ သူ့အမျိုးသမီးကို ဖက်ရင်း ငါတို့ကလေးကြီးက ညဘက် ဗိုက်ဆာရင် သိပ်ဂျီကျတတ်လို့တဲ့။

အကိုဝမ်းကွဲ တစ်ယောက်ရှိတယ် 
ဘယ်သွားသွားဘာလုပ်လုပ် သူ့ကောင်မလေးကို အသေးစိတ် ပြောပြလေ့ရှိတယ်။ သူမက ပြောခိုင်းတာလားမေးမိတော့ ယုံကြည်မှုဆိုတာ စိတ်ချရအောင်ထားတဲ့ရပ်ဝန်းမှာပဲဖြစ်ပေါ်တာညီမလေးတဲ့ သူ ကိုကြီးကိုသံသယကင်းပါတယ်တဲ့။

ရင်ခုန်ခြင်းတွေ နုပျိုခြင်းတွေရှိမှမဟုတ်ဘူး
မေတ္တာဟာရိုးရိုးလေးပဲ အေးမြတယ် နောက်ပြီး တာရှည်ခံတယ်။

                                               #Mental_Note

Post a Comment

Previous Post Next Post

Comments