ခင်ဗျား တားခဲ့မယ်လို့ထင်ခဲ့တာ...

ခင်ဗျား တားခဲ့မယ်လို့ထင်ခဲ့တာ...


တချို့အရာတွေကလေ ဆန့်ကျင်ဖက်အရာတွေကို မျှော်လင့်ပြီး အရဲစွန့်ခဲ့တာ ဥပမာ... ခင်ဗျားကို လမ်းခွဲရအောင်လို့ ပြောခဲ့သလိုပေါ့ အနောက်မှာ ထွက်မသွားပါနဲ့ဆိုပြီး ဟန်ဆောင်ပန်ဆောင်လေးတားခဲ့မယ်လို့ ထင်ခဲ့မိတာ ။

ဒါပေမယ့် မင်းကိုယ်တိုင်ပဲ ပြောခဲ့တာနော်ဆိုတဲ့ ကိုယ့်အပေါ် အပြစ်တင်ပုံချပြီး ပျော်ပျော်ကြီး ပြေးထွက်သွားတဲ့ သူ့ကျောပြင်ကိုငေးပြီး ဝမ်းနည်းပြီး ကျန်ခဲ့ရတာဟာ ကိုယ်ပါ ။

ကိုယ့်စကားနဲ့ကိုယ်ပေါ့...တကယ်ထွက်သွားမယ်လို့ပြောတဲ့အခါ ကိုယ်မနေနိုင်သလို သူလဲ မနေနိုင်လောက်ဘူးလို့ ထင်မိတာ မှားသွားတယ် ပြီးတော့ ကိုယ်ချစ်သလို သူလဲ ချစ်နေလိမ့်မယ်လို့ မျှော်လင့်ခဲ့မိတာ တအားကို မှားသွား​တယ် ။

ကျောင်းဆင်းချိန်ရောက်သွားတဲ့ ကလေးတစ်ယောက်လို ပြေးထွက်သွားလိုက်တာများ နောက်ရင်ခွင်တောင် ရောက်လို့ ကိုယ်က ချန်ခဲ့တယ်ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ကျန်ခဲ့ရသူသက်သက်ပါ ။

တကယ်တမ်းကျတော့လေ... အဲ့ဒီနေ့က အနည်းဆုံးတော့ ခင်ဗျားတားခဲ့လိမ့်မယ်လို့ထင်ခဲ့မိတာ ။ 

 #ကျေးကို

Post a Comment

أحدث أقدم

Comments