လူတစ်ယောက်ကို ကျောခိုင်းလိုက်တယ်ဆိုတာ စိတ်ထဲကရော ဘဝ ထဲပါ ထုတ်ပစ်နိုင်လို့ပဲ ။

လူတစ်ယောက်ကို ကျောခိုင်းလိုက်တယ်ဆိုတာ 
စိတ်ထဲကရော ဘဝ ထဲပါ ထုတ်ပစ်နိုင်လို့ပဲ ။ 


အဲ့ဒီအချိန်ရောက်တော့မှ 
မင်းမကြိုက်တာတွေ ပြင်ပါ့မယ်ဆိုပြီး 
ငိုပြလည်း စိတ်မဝင်စားတော့ဘူး ။ 

သူမက စောင့်ဖူးတယ် 
မျှော်လင့်ဖူးတယ် ။ 

ငါပြောတာတွေကို အလေးအနက်ထားပြီး 
တနေ့တော့ ငါ့မေတ္တာတွေကို နားလည်မှာပါဆိုတဲ့စိတ်နဲ့ အနိုင်ယူ ဗိုလ်ကျ သမျှတွေကို သည်းခံပေးဖူးတယ် ။ 

သူ မဟုတ်တဲ့ အခြားသူနဲ့ အီစီကလီ ဖြစ်ထားတာတွေ တွေ့လည်း မစွန့်လွှတ်ဘဲ တွယ်ကပ်နေဖူးလိမ့်မယ် ။ 
မင်းပေးတဲ့ နာကျင်စရာတွေကို အပြုံးမပျက် 
လက်ခံပေးခဲ့ဖူးလိမ့်မယ် ။ 

ချစ်တယ်ဆိုတာထက် မျှော်လင့်ချက်ကြီးမားလွန်းတာ 

ဘာဖြစ်လို့လဲ ဆိုတော့ သူမ ဘဝ တလျှောက်လုံးမှာ အသက်နဲ့ထပ်တူ မြတ်နိုးရတဲ့ သူစိမ်းလူသားတစ်ဦးဖြစ်နေလို့ ။ 

နာရလွန်းလို့ ထုံသွားတဲ့ အချိန်ရောက်သွားခဲ့ရင် သူမ အတွက် မင်းဆီက ဘာဆိုဘာမှ ကို လိုချင်တော့မှာ မဟုတ်ဘူး ။ ခံနိုင်ရည်ကုန်ဆုံးသွားတဲ့နေ့ ရောက်ရင် ဘယ်သူမဆို ကျောခိုင်းသွားကြမှာပဲ ။ 

ကျောခိုင်းသွားတော့မှ ပြန်လိုချင်ရင်လည်း သူတို့က ပြန်လာမှာ မဟုတ်တော့ဘူး ။ မင်းရဲ့ လုပ်ရပ်တိုင်းက သူမ နှလုံးသားရဲ့ အတွင်းနက်နက်အထိ စူးစိုက်ဝင်ခဲ့ပြီးပြီမို့ ။ 

#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧

Post a Comment

أحدث أقدم

Comments