စိတ်မညစ်ရအောင် ဒီစာလေးကို ဖတ်ပါရှင့်...

စိတ်မညစ်ရအောင် ဒီစာလေးကို ဖတ်ပါရှင့်...
❣❣❣❣❣❣❣❣❣❣❣❣❣


ကိုယ့်ကို နှိပ်စက်နေနိုင်တဲ့ 
အတွေးတွေ မတွေးပါနဲ့•••🤔

ကိုယ့်စိတ်ကို ပူလောင် စေတဲ့ 
အတွေးတွေ မတွေးပါနဲ့•••

ကိုယ့်အပေါ် မကောင်းတဲ့ 
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်ကို မခေါ်ချင်တဲ့ 
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်ကို ဂရုမစိုက် 
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့် စေတနာကို နားမလည် 
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်အပေါ် သစ္စာ မရှိတဲ့ 
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်အပေါ် လိမ်ညာ လှည့်စား 
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်ကို မုန်းတဲ့ 
သူတွေ အကြောင်းလည်း မတွေးပါနဲ့•••
.
ကိုယ့်ကို မချစ်လို့ ကျောခိုင်း 💘
ထွက်ခွာသွား တဲ့ သူတစ်ယောက် 
အကြောင်း မတွေးပါနဲ့•••

မတွေးပါနဲ့နော်•••🤭

အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့
အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ 
ကိုယ့်စိတ်ကို နှိပ်စက် နေလို့
ကိုယ့်မှာ စိတ် ချမ်းသာမှု ဆိုတာ 
ဘယ်တော့မှ ရနိုင်ဖို့မလွယ်ပါဘူး•••

ဒါ့ကြောင့်
ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ•••
နားလည်ပေးနိုင်မယ့် အတွေးသာတွေးပါ•••
မေတ္တာပွားနိုင်ဖို့ တွေးပါ•••💓
ခွင့်လွှတ် နိုင်အောင် ကြိုးစားဖို့ တွေးပါ•••
အမုန်းမပွားဖို့ပဲ တွေးပါ•••

မေတ္တာထားခြင်းသည် 
အကောင်းဆုံး လက်စား ချေခြင်း ပါပဲ•••

ကိုယ့် စိတ်ကို နှိပ်စက် နိုင်ဆုံးသူဟာ
ကိုယ်ကိုယ်တိုင်သာ ဖြစ်ပါတယ်•••

တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို 
ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး•••

အဲ့ဒီ သူတွေကို ကိုယ့်စိတ်ထဲမှာ ထားပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်နေတာပါပဲ•••
ကိုယ့်အတွေး တွေနဲ့ ကိုယ့်ကိုယ်ကိုယ် 
ပြန်ပြီး မနှိပ်စက်ပါနဲ့တော့•••

လူ့ဘဝ က တိုတောင်းလွန်း လှပါတယ်•••
ခဏတာ ရလာတဲ့ လူ့ဘဝ လေးမှာ 
ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင် အေးချမ်းမှု
ရအောင် ကိုယ်တိုင် လုပ်ယူ ဖန်တီးပြီး 
ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်ရှင်•••

ကျမတို့ ငယ်ငယ် ကလည်း ငိုခဲ့ပြီးပြီ ..😥
အရွယ်ရောက် တော့လည်း ငိုခဲ့ပြီးပြီ ..😪
မနေ့ကလည်း ငိုခဲ့ ပြီးပြီ ..
ဒီနေ့လည်း ငိုခဲ့ပြီးပြီ ...
မနက်ဖြန်က စပြီး ရယ်နိုင်ဖို့ ကြိုးစားပါနော် •••😊

လူ့ဘဝ တိုတို လေးမှာ အမြဲတမ်း 
ငိုနေ ရရင် လူဖြစ်ရှုံး ပါတယ်ရှင်•••
ကိုယ့်စိတ်ကိုထပ်ပြီး မနှိပ်စက် ပါနဲ့တော့နော်•••

#လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါတယ်❣❣
#Myint_Thinzar 🖊

Post a Comment

Previous Post Next Post

Comments