ဥစ္စာစောင့်ကိုပေးမိသောကတိ

ဥစ္စာစောင့်ကိုပေးမိသောကတိ
^+^+^+^+^+^+^+^+^+^


[  134 ] ပုဒ်မြောက်

လွန်ခဲ့တဲ့နှစ်များစွာကဖြစ်ရပ်မှန်ပါ

ပဲခူးရိုးမတောင်ခြေနားကမှိုင်းညို့ညို့တောတန်းကလေးသည်တဇောက်ကန်းငမဲတို့ရွာလေးဖြစ်သည်။

တဇောက်ကန်းငမဲနံမည်အရင်းကငမဲဖြစ်ကာဘာပဲလုပ်လုပ်တဇောက်ကန်းနိုင်သဖြင့်နံမည်ရှေ့တွင်

ဘွဲ့ထူးရထားခြင်းဖြစ်သည်လူကလည်းအသားညိုညိုနှင့်ပေစုတ်စုတ်ဖြစ်၍နဂိုရှိရင်းစွဲအသားထက်အမဲရောင်သန်းနေ၏

အခုတဇောက်ကန်းပဲခူးရိုးမတောထဲရောက်နေသည်သူ့တွင်လက်နက်ပစ္စည်းအစုံအလင်ဖြင့်

တောလည်နေခြင်းဖြစ်သည်သူကမုဆိုးအလုပ်ကျွမ်းကျွမ်းကျင်ကျင်မတတ်ပေမဲ့

တောလည်တော့ကျွမ်းသည်သူအခုတောလည်ရခြင်းအကြောင်းကသူတို့နေသောအရပ်နှင့်

အနီးဆုံးဖြစ်သောဒေသတွင်ဘုရားပွဲရှိသည်ထိုဘုရားပွဲသည်တစ်နှစ်တစ်ခါကျင်းပလေ့ရှိကာ

အလွန်စည်ကားလေသည်သမိုင်းဝင်ရှေးဟောင်းဘုရားဖြစ်၍တန်ခိုးကြီးသည်ဆုတောင်းပြည့်သည်။

ထိုဘုရာပွဲသို့အနယ်နယ်အရပ်ရပ်ကဘုရားဖူးသူများလာကြသည်။

ထိုဘုရားပွဲအတွက်တဇောက်ကန်းတို့လိုဘုရားပတ်ဝန်းကျင်မှာရှိသည့်ရွာနီးချုပ်စပ်မှာနေသောရွာသူရွာသားများအတွက်

စျေးကွက်စီးပွားရေးရှာရန်တစ်နှစ်တစ်ခါအားခဲထားသောပွဲကြီးပွဲကောင်းဖြစ်သည်။

ထိုဘုရားပွဲတွင်ရောင်းချရန်အတွက်သစ်ဥသစ်ဖုဆေးမြစ်များတောထဲမှရှားပါးသောပရဆေးပင်များ

ဆတ်တို့ဂျီတို့လိုသားကောင်များမြို့မှာအလွယ်တစ်ကူမရနိုင်သောပစ္စည်းအမျိုးစုံလင်စွာရောင်းချနိုင်ပါက

ငွေမျိူးမျိူးမြတ်မြတ်ရနိုင်တာကြောင့်လူတိုင်းနီးပါးအလုပ်ရှုတ်လျက်ရှိကြသည်။

ငမဲကရလာမည့်အခွင့်အရေးအတွက်လက်လွတ်မခံနိုင်၍တစ်တောဝင်တစ်တောင်တက်ဖြင့်ဟိုရှာဒီရှာလုပ်နေခြင်းဖြစ်သည်။

သူလိုချင်တာများရသင့်သလောက်ရပေမဲ့သူ့လောဘဖြင့်ဆက်၍ရှာဆဲနေကလည်းမြင့်လာပြီဖြစ်သည်။

သူလှိုတစ်ခုထဲဆင်းရင်းတောသည်နက်သထက်နက်လာကာစမ်းချောင်းကလေးတစ်ခုနားတွင်သူနားလိုက်သည်။

ဗိုက်ကလဲဆာလာပြီဖြစ်ကာသူခရီးလည်းတော်တော်ရောက်ခဲ့ပြီဖြစ်သည်ထို့ကြောင်ပါလာသော

ထမင်းထုတ်ကိုဖြေစားကာဗိုက်ဝသွားတော့ကြည်လင်နေသောစမ်းချောင်းထဲကရေနှင့်မျက်နှာသစ်ကာ

စမ်းချောင်းဘေးရှိအရိပ်ကောင်းသောသစ်ပင်ကိုမှီ၍အနားယူရင်းမှေးကနဲအိပ်ပျော်သွားမိသည်။

ထိုအချိန်တွင်သူဆန်းကြယ်သောအိမ်မက်လိုလိုအပြင်တွင်တစ်ကယ်ဖြစ်နေသလိုလိုနှင့်မြင်နေရ၏

စမ်းချောင်းနဘေး၌မိန်းကလေးတစ်ယောက်ရပ်နေသည်ကိုမြင်လိုက်ရတော့သူလန့်၍သွားသည်။

ထိုမိန်းကလေးသည်သူ့အားနောက်ခိုင်း၍ရပ်နေကာပိတုန်းရောင်လိုမဲနက်တောက်ပြောင်နေသော

ရှည်လျှားလှသည့်သူမဆံပင်များကိုနောက်ကျောတွင်ဖြန့်၍ချထားသည်မှာ

ခြေမျက်စိနားလောက်အထိပင်ရောက်ကာလေတိုက်၍ဆံနွယ်များလေထဲတွင်ဝဲကာလှပစွာလွင့်၍နေသည်။

ထိုမိန်းကလေးကစမ်းချောင်းဘက်မျက်နှာမူထားပေမဲ့သူမပုံစံကြည့်၍အလွန်လှမည်ဟုသူတွေးမိသည်။

ဒီလိုတောနက်ကြီးထဲမိန်းကလေးတစ်ယောက်တွေ့ရသည်မှာသာမန်မဖြစ်နိုင်ပေ

သူတောခြောက်ခံရသည်လားဒါမှမဟုတ်ဒီတောထဲဥစ္စာစောင့်တွေရှိသည်ဟုသူကြားဘူးတာများဖြစ်နေသလား

သူဝေခွဲရခက်နေပေမဲ့ထိုမိန်းကလေးကိုတော့သူမြင်ဖူးချင်သည်ဘာပဲဖြစ်ဖြစ်သူရဲ့တဇောက်ကန်းစိတ်ကမြင်ချင်သည်ကို

တားမရသည့်အဆုံးမိန်းကလေးနားတိုးကပ်သွားလေသည်ထိုအခါမိန်းကလေးနားမရောက်ခင်

ရုတ်တရက်ထိုမိန်းကလေးသည်သူ့ဘက်သို့ရုတ်တရက်လှည့်၍လာသည်ထိုအခါသူပါးစပ်ဟောင်းလောင်းဖြစ်၍သွားသည်။

သူ၏ဘဝတွင်ဒီလိုလှပချောမောသောမိန်းကလေးမျိုးတစ်ခါဖူးမှမမြင်ဘူးပေညို့အားကောင်းသော

သူမအလှကသူ့အားဆွဲငင်ထားသည့်အလားမျက်တောင်မခတ်တမ်းသူငေးကြည့်နေမိသည်။

သို့ပေမဲ့သူ့တစ်ကိုယ်လုံးချမ်းစိမ့်စိမ့်ကြီးဖြစ်နေကာကြက်သီးများထ၍နေသည်။

ထိုမိန်းကလေးကမပြုံးမရယ်ဘဲခပ်တည်တည်မျက်နှာထားနဲ့စကားဆိုလိုက်သည်။

''''ရှင့်ကိုအကူအညီတစ်ခုတောင်းစရာရှိတယ်-------အပေးအယူသဘောပေါ့----ဒါပေမဲ့အရော်အစားကြီးတယ်-------ရှင်စိတ်ဝင်စားရင်ပေါ့''''''

သူကထိုမိန်းမလှလေးစကားအားကမန်းကတန်းပင်လက်ခံလိုက်သည်။

''''' စိတ်ဝင်စားပါတယ်----လောင်းကြေးကဘာလဲ---''''''

'''''ရှင့်အသက်''''

''''ဗျာ'''''

သူတုန်လှုပ်သွားပေမဲ့တော်ရုံလောက်နှင့်တော့သူမဖြုံတတ်ပါသူ့အားကြောက်စေသောအရာသည်ဒီလောက၌မရှိဟုထင်သည်။

''''ရှင်သဘောတူရင်စမယ်-----ရှင်ဟိုစမ်းချောင်းအစပ်နားကကျောက်စရစ်ခဲတွေထဲက------ကြိုက်တဲ့အလုံးနှစ်လုံးကောက်သွား-----ပိုကောက်လို့မရဘူး-----

-----အဲထဲကတစ်လုံးကိုရှင်တို့ရွာကမနန်းရင်ကိုပေးလိုက်ပါကျွန်မတို့အတွက်ရည်စူးပြီးဘုရားလူအမျှပေးဖို့-ပြောလိုက်သူသိပါတယ်------

ကျန်တဲ့တစ်လုံးကိုရှင်ယူလိုက်ပါ----ကောင်းမှု့ကုသိုလ်လဲပြုအမျှလဲဝေ------ရှင်ပြောတဲ့အတိုင်းကတိတည်ရင်----အကျိူးထူးမယ်---မတည်ရင်ရှင့်အသက်ပေးရမယ်------''''''' 

မိန်းကလေးကရှည်လျှားစွာရှင်းပြလိုက်သည့်အခါသူကစောဒကတက်လိုက်သည်။

''''ကျူ ပ်ကကျောက်စရစ်ခဲတွေကောက်ပြီးဘာလုပ်ရမှာလဲ''''''

'''ရှင်သွားကြည့်လိုက်လေပြီးမှသဘောတူပေါ့ဒါပေမဲ့ကတိတော့တည်ရမယ်"

ထိုအခါသူကကမန်းကတန်းစမ်းချောင်းစပ်နားသို့သွား၍ကြည့်လိုက်ရာသူ့မျက်လုံးတွေကိုပင်မယုံနိုင်အောင်ဖြစ်၍သွားသည်။

စမ်းချောင်းအစပ်နားကကြည်လင်စွာစီးနေသောရေအောက်တွင်ကျောက်စရစ်ခဲများသည်အဖိုးတန်ကျောက်သံပတ္တမြား

များဖြစ်နေကာအရောင်အသွေးစုံလင်စွာဝင်းလက်တောက်ပ၍နေပေသည်။

ထိုအခါသူကအားရဝမ်းသာစွာမိန်းကလေးအားအော်ပြောလိုက်မိသည်

'''သဘောတူတယ်ဗျာ'--ကတိပေးတယ်"

သူပြောပြီးနောက်လှည့်ကာမိန်းကလေးကိုထပ်၍တိုးတောင်းမည်ဟုစဉ်းစားလိုက်သော်လည်းမိန်းကလေးသည်နေရာတွင်

မရှိတော့ပျောက်ချင်းမလှပျောက်သွားကာသူလည်းအိမ်မက်ကလန့်နိုးသွားလေသည်။

သူစိတ်ထဲတစ်ကယ်ကြီးဖြစ်နေသလိုခံစားရကာဘေးဘီကိုကြည့်လိုက်သော်လည်းဘာမှမတွေ့ပေမိန်းကလေးအရိပ်အယောင်လည်းမမြင်ရပေ

ဒါနဲ့သူဇဝေဇဝါဖြင့်စမ်းချောင်းကလေးနားသွားကြည့်လိုက်သည့်အခါသူ့အိမ်မက်ထဲကအတိုင်းပင်

စမ်းချောင်းကလေးအစပ်နားကကျေက်စရစ်ခဲများသည်အရောင်တဖိတ်ဖိတ်တောက်နေသော

အရောင်အသွေးစုံသည့်တန်ဖိုးကြီးကျောက်များဖြစ်နေသည်ကိုအံ့သြဆန်းကျယ်စွာတွေ့လိုက်ရလေသည်။

ဒါနဲ့သူလည်းအိမ်မက်ကိုမေ့သွားကာတွေ့သမျှကောင်းနိုးရာရာကျောက်များသိမ်းကြုံးကာသူ့အိတ်ထဲထည့်ရင်းဝမ်းသာစွာပြန်ခဲ့လေသည်။

လမ်းတစ်ဝက်ရောက်တော့သူသယ်လာသောကျေက်များအားစိတ်မချ၍တစ်ခါထပ်၍ဖွင့်ကြည့်လိုက်ရာ

သူ့မျက်လုံးများအဆမတန်ပြူးကျယ်၍သွားလေသည်သူအလေးခံကာကြိုးစားပမ်းစားသယ်လာသည့်

ကျောက်များအားလုံးသည်သာမန်ကျောက်စရစ်ခဲများဖြစ်နေသည်ကိုမယုံနိုင်စွာတွေ့ရသည်။

သူကမန်းကတန်းသယ်လာသောကျောက်များအားလုံးကိုသွန်ချလိုက်သည်သူရင်သည်ပရမ်းပတာခုန်နေသည်။

ထိုအခါမှကျောက်များထဲမှလောက်စာလုံးအရွယ်ထက်သေးသောအနီရောင်တောက်နေသောကျောက်နှစ်လုံးမှလွှဲ၍ကျန်သည့်

ကျောက်များအားလုံးကျောက်စရစ်ခဲများသာဖြစ်နေသည့်အတွက်သူ့အိမ်မက်ထဲကမိန်းကလေးပြောသော

ကျောက်နှစ်လုံးထက်အပိုမယူနဲ့ဆိုသောစကားကိုပြေးသတိရမိကာကျောက်အကြီးဆုံးအလုံးကြီး

နှစ်လုံးရှာမယူခဲ့ရတာကိုနောင်တရမဆုံးတော့ပါသူ့ကိုယ်သူအပြစ်တင်ရင်းရွာပြန်လာ၏

ရွာပြန်ရောက်ပြီးသူကျောက်ရလာသည်ကိုဘယ်သူမှအသိမပေးပဲကျောက်စစ်မစစ်နောက်နေ့မြို့သို့တက်ကာရွေဆိုင်တွင်

ကျောက်ကိုပြကြည့်တော့သူဘဝမှာတစ်ခါမှမကိုင်ဘူးသောငွေကြေးပမာဏကိုပေးပေမဲ့သူကလောဘတက်စွာ

သူမရောင်းခဲ့သေးပေမြို့ကြီးပြကြီးတက်ရောင်းရလျှင်ဒီထက်မကရနိုင်သည်ဟုလောဘတွေစွတ်တက်နေမိသည်။

မိန်းကလေးမှာလိုက်သောရွာကမနန်းရင်အားပေးမည့်ကျောက်လည်းသူ့စိတ်ကမပေးချင်တော့ပေ

ပေးရင်ကောင်းမလားမကောင်းလားဝေခွဲရခက်နေသည်။

မနန်းရင်ဆိုတာကသိုက်ကလာသူဟုရွာကလူများပြောတာသူကြားဖူးနေသည်။

မွေးစကပင်သိပ်၍ဥာဏ်မမှီကျပ်မပြည့်ရှာပေသို့ပေမဲ့မိဘများကသူမမွေးပြီးကထဲကစီးပွားတက်လာသည်ဟု

ဆိုကာအလိုလိုက်၍အကြိုက်ဆောင်ထားသည်သူမသည်ယခုအခါအပျိူအရွယ်ပင်ရောက်၍နေပြီဖြစ်ပေမဲ့

သူမကရွာထဲကကလေးများနှင့်ရွာလမ်းတရှောက်လမ်းသလားကာဆော့နေတတ်လေသည်။

သူမရုပ်ရည်ကကျပ်မပြည့်ဆိုပေမဲ့ဖြူဖြူစင်စင်ကလေးဖြစ်ကာရုပ်မဆိုးလှသလိုကိုယ်လုံးကိုယ်ပေါက်ကလည်းအပြစ်ဆိုစရာမရှိပေ

ဒါပေမဲ့သူမကိုဘယ်သူမှမစော်ကားမပြစ်မှားရဲပေသူမမှာသတ္တိခဲငမိုက်သားအရက်သမားအကိုသုံးယောက်ရှိကာ

သူမရှေ့မှမဟာတံတိုင်းကြီးသဖွယ်ကာရံပေးထားသောကြောင့်ဖြစ်လေသည်သူမကသူ၏အကိုတို့အတွက်တော့တန်ဘိုးထားစရာ

တစ်ဦးတည်းသောညီမကလေးဖြစ်၏ရုပ်ရည်လေးကလဲသနားကပါးလေးဖြစ်သောကြောင့်အကိုများကအချစ်ပိုကြပေသည်။

သူလည်းမနန်းရင်အကြောင်းတွေးရင်းစဉ်းစားနေခြင်းဖြစ်သည်တစ်ခါတစ်ရံလောကကြီးက

အဆန်းတကြယ်ဖြစ်တတ်တာသဘာဝဟုသူထင်မိသည်ယခုလည်းမထင်မှတ်ပဲသူကံကောင်း၍ရလာသည်ဟုထင်သည်။

သူ့မှာလောဘတွေတက်နေကာစိတ်ကူးတွေယာဉ်နေ၍လေထဲတိုက်ဆောက်နေမိသည်။

သူတောထဲကပြန်ရောက်ကထဲကသူ့အိမ်ရှေ့တွင်လမ်းသလားနေသော

မနန်းရင်ကိုသူတမင်တကာမမြင်ချင်ယောင်ဆောင်နေလိုက်သည်

သူ့ရဲ့တဇောက်ကန်းစိတ်ကဘာဖြစ်ဖြစ်မပေးဘူးဟုဆုံးဖြတ်လိုက်သည်။

သူ့ဘဝချမ်းချမ်းသာသာနေရမည့်အရေးသူဘာကိုမှဂရုမစိုက်နိုင်ပါနောင်ခါလာနောင်ခါစျေးပဲဟုတွေးထားသည်။

သိုက်ကလာနှောက်လည်းအရေးမဟုတ်သူ့ကိုဘာများလုပ်နိုင်မှာမို့လဲဟုညစ်ကျယ်ကျယ်အတွေးတိမ်နေမိသည်။

သူမနက်ဖန်မြို့တက်ပြီးကျောက်သွားရောင်းရန်စီစဉ်ထားသည်သူကျောက်ရလာသည်ကိုအိမ်သားများပင်မသိပါ

အဲဒီညကတဇောက်ကမ်းငမဲတစ်ယောက်အိပ်ရင်းနှင့်ယောင်အော်နေသံများကြားနေရသည်။

'''''မလိုကဘြူးးးးးး-----မလာကှနဲ့----မလိုကဘြူးးးးး''''

'''''မပေးနိုင်ဘူးးးးးးကိုယ်နဲ့ထိုက်လို့ရလာတာ-----'''''

မနက်မိုးလင်းတော့အိပ်ယာကတော်တော်နဲ့မနိုးသောတဇောက်ကမ်းကိုသွားနိုးကြရာ

မျက်လုံးကြီးပြူးကာအသက်မရှိတော့သောတဇောက်ကန်းအလောင်းအားတွေ့ရလေသည်။

သူ့လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ထားသောလောက်စာလုံးသာသာအရွယ်ကျောက်စရစ်ခဲနှလုံးအားမြင်ကြရာ

ဘာမှန်းမသိကြပဲကျောက်စရစ်ခဲတွေကိုင်ကာကယောင်ကတန်းတွေအော်ရင်းသေနေသည်မှာထူးဆန်း၍နေကြပေသည်။

တဇောက်ကမ်းငမဲအလောင်းအားအိမ်ရှေ့တွင်ပြင်၍ထားရာမနန်းရင်နှင့်ကလေးများသည်

ကစားရင်းလာ၍ကြည့်ကြရင်းနှင့်မနန်းရင်ကအလောင်းအားကြည့်ကာလက်ခုတ်လက်ဝါးတီးကာ

အော်ရယ်ရင်းကျယ်လောင်စွာပြောလိုက်သည်။

'''''ဟားးးးဟားးးးဟားးးကောင်းတယ်သေတာတောင်နဲသေးးးးးသေတာကောင်းတယ်'''''

ထိုအခါအသုဘအိမ်ရောက်နေသောမနန်းရင်အကိုများကအပြေးအလွှားမနန်းရင်ဆီရောက်လာကြကာအိမ်ရှင်အားတောင်ပန်၍မနန်းရင်အား

ချော့မော့ကာပြန်၍ခေါ်သွားကြလေသည်မနန်းရင်ကသူအကိုများဆွဲခေါ်ရာနောက်လိုက်သွားရင်း

ရွာလမ်းတစ်ရှောက်အော်၍သွားလေသည်။

'''''သေတာကောင်းတယ်-------ဟားးးးဟားးးဟားးးး'''

လူအများကတော့မနန်းရင်ကျပ်မပြည့်၍အော်ချင်ရာအော်နေသည်လိုပဲထင်ကြကာစိတ်မဆိုးကြပါ

မနန်းရင်ဘာကြောင့်တဇောက်ကန်းသေတာဝမ်းသာမှန်းလည်းဘယ်သူမှမသိကြပါ

မနန်းရင်စိတ်ထဲဘာတွေရှိနေသည်ကိုမနန်းရင်မှတစ်ပါးအခြားသူမသိနိုင်ပေ

D Moe Moe. & တိမ်လွှာမိုး

စာဖတ်သူတစ်ဦးချင်းအားကျေးဇူးတင်လျှက်
လေးစားစွာဖြင့်
#credit

Post a Comment

أحدث أقدم

Comments