အနောက်ကလိုက်လာသော အရိပ်ကြီး (ဖြစ်ရပ်မှန်)

အနောက်ကလိုက်လာသော အရိပ်ကြီး (ဖြစ်ရပ်မှန်)
                       
                       


          Leon
--------------------------------------------------------------------------
( ကြောက်တတ်သူများမဖတ်ရ )

ဒီအဖြစ်အပျက်လေးကလွန်ခဲ့တဲ့ 2017 ခုနှစ်ကဖြစ်ခဲ့တာဖြစ်ပြီး
ကျွန်တော့်ကိုလာပြောပြပေးထားတာလဲကြာပြီမို့အခုမှပဲတင်ပေး
လိုက်နိုင်ပါတယ်။ တကူးတကလာရောက်ပြောပြပေးတဲ့
ကိုရာဇကိုလဲကျေးဇူးအများကြီးတင်ပါတယ်ဗျ။
-----------------------------------------------------------------------

မှောင်မိုက်နေတဲ့
လပြည့်ည ရဲ့သန်းခေါင်ယံအချိန်မှာ ရာဇတစ်ယောက်
ယိုင်တိယိုင်တိုင်နဲ့ အိမ်ပြန်နေသည်။

ရာဇမှာ....သဃန်းကျွန်းမြို့နယ်တွင်နေထိုင်သော
သူတစ်ယောက်ပင်ဖြစ်သည်။

ငယ်စဉ်ထဲကထိုမြို့နယ်မှာပဲနေထိုင်ခဲ့သူဖြစ်ပြီး
လက်ရှိအချိန်မှာတော့....အသက်40ရှိပြီးအိမ်ထောင်မရှိသော
လူပျိုကြီးလဲဖြစ်သည်။

ပန်းရံအလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ပြီး
ဘယ်သူနဲ့မဆိုလည်းတည့်အောင်အပေါင်းအသင်းဖြစ်အောင်
ပြောဆိုဆက်ဆံနိုင်သောသူလည်းဖြစ်သည်။

ဒီညလဲ မန်ယူဘော်ဒီသုံးသောင်းဖိုးနိုင်သွားသဖြင့်
ဘော်ဒါတွေအားလုံးကိုတစ်ဝိုင်းဒကာခံပြီး
သူကိုယ်တိုင်လည်းလူမှန်းသူမှန်းမသိအောင်သောက်စားခဲ့သည်။

လူပျိုကြီး ဖြစ်နေရခြင်းအကြောင်းမှာလည်း လူရိုးလူအေးဖြစ်နေလို့
မဟုတ်ပဲ အရမ်းအပျော်အပါးလိုက်စားပြီးဆိုးသွမ်းသောကြောင့်
သူ့အားဘယ်မိန်းမကမှမပက်သတ်ချင်ကြပါ။

အခုလဲ မန်ယူဘော်ဒီနိုင်ထားတဲ့ပိုက်ဆံတွေကိုသူငယ်ချင်းတွေနဲ့
သောက်စားဖြုန်းသုံးပြီးအိမ်ပြန်လာနေခြင်းဖြစ်သည်။

ခေါင်းပင်မထောင်နိုင်အောင်မူးရူးနေတာမို့
သူမလဲကျရုံတမယ်မနည်းထိန်းပြီးလျှောက်နေရသည်။

သူသွားနေတဲ့လမ်း...မှန်လားမှားလားတောင်မခွဲခြားနိုင်ပဲ
စိတ်ထင်ရာသွားနေရသည်။

သူ့စိတ်ထဲမှာတော့...အိမ်ပြန်ရှာလို့မတွေ့ရင်လမ်းပေါ်မှာပဲ
အိပ်လိုက်မည်ဟုဆုံးဖြတ်ထားပြီးသားဖြစ်သည်မို့အိမ်ပြန်မရောက်လဲ
စိတ်ပူစရာမရှိပေ။

ဘော်ဒါတွေကလည်း သူကလွှဲပြီးအားလုံးကသားမယားတွေကိုယ်စီ
ရှိကြတာမို့....မယားဖုန်းဆက်တာနဲ့သူ့ကိုတောင်အိမ်ပြန်လိုက်မပို့
့နိုင်ပဲ အသီးသီးလစ်သွားကြသည်။

အဲ့လိုနဲ့ ရာဇတစ်ယောက်ထဲမူးမူးနဲ့အိမ်ပြန်ဖိုု့ ဖြစ်လာခဲ့တာပေါ့။
-----------------------------------------------------------------------

"အာဝူး.........!!!!!!!!!!!

တစ်နေရာအရောက်တွင် ဆွဲဆွဲငင်ငင်အူလိုက်သော
ခွေးအူသံတွေကိုရုတ်တရတ်ကြားလိုက်ရတာမို့
ရာဇတစ်ယောက်....သွားနေရာမှခဏရပ်ပြီးနည်းနည်းတွန့်သွား
သည်။

အရက်သာမူးနေပေမယ့်....နဂိုထဲကသရဲအရမ်းကြောက်တတ်
သူမို့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားသည်။

လက်ရှိရောက်နေတဲ့လမ်းကိုအကဲခတ်ကြည့်ပြန်တော့လည်း
သူတစ်ခါမှမမြင်ဖူးတဲ့လမ်းသွယ်လေးတစ်ခုဖြစ်နေသည်။

မူးမူးနဲ့ခြေဦးတည့်ရာယိုင်တိုင်တိုင်နဲ့လျှောက်လာလိုက်တာ
ဘယ်လမ်းတွေကိုတောင်ရောက်လာလဲမသိပေမယ့်သူနေတဲ့
လမ်းမဟုတ်တာတော့သေချာသည်။

လမ်းတစ်လမ်းလုံးလဲခွေးတစ်ကောင်ကြောင်တစ်မြှီးမှမရှိပဲ
တိတ်ဆိတ်ခြောက်ကပ်နေသည်။

လမ်းတစ်လျှောက်ဓတ်တိုင်မီးလေးတွေလင်းနေလို့တော်သေးသည်၊
မဟုတ်ရင်မှောင်မှောင်မည်းမည်းထဲလျှောက်သွားပြီးကားတိုက်သေ
နေရဦးမည်။

ခွေးအူလို့
သရဲကြောက်တာအသာထားဦး၊ လောလောဆည်ဝမ်းခေါင်းထဲက
ပျို့တက်လာတာမို့....ရာဇတစ်ယောက်အော်ကြီးဟစ်ကျယ်
တဝေါ့ဝေါ့နဲ့ဓတ်တိုင်ဘေးမှာထိုးအန်ချလိုက်ရသည်။

အန်နေရင်း
တခဏအကြာမှာတော့...အရက်သမားပီပီ....မအောင့်နိုင်တော့ပဲ
ဆီးလဲအရမ်းသွားချင်လာတာမို့ထိုဓတ်တိုင်ကိုပဲကော့ပန်းလိုက်
သေးသည်။

ကိစ္စပြီးသွားတဲ့နေုာက်မှာတော့ ရာဇတစ်ယောက်
တော်တော်ပလတ်ကျွတ်နေပါပြီ။

စားထားသမျှလဲအကုန်ပြန်အန်ထွက်ထားတာမို့
စောနကထပ်ပိုမူးလာပြီးမတ်တပ်တောင်အနိုင်နိုင်ရပ်နေရပါတယ်။

တစ်ခါမှမမြင်ဖူးတဲ့ဒီလမ်းအထိရောက်လာပြီးမှ
အိမ်ပြန်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့တာမို့
ရာဇတစ်ယောက် မထူးဇတ်ခင်းပြီး ဒီတစ်ညတော့
ပလက်ဖောင်းပေါ်မှာပဲအိပ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

ထိုအချိန်မှာပဲ.....ရာဇတစ်ယောက် ထိုအရာကိုစသတိထားမိသွား
ပါတယ်။

အဲ့ဒါကတော့ဓတ်တိုင်အောက်ကလမ်းပေါ်မှာပေါ်နေတဲ့
သူ့အရိပ်ပါပဲ။

ထူးဆန်းတာကသူ့အရိပ်ရဲ့ဘေးကပ်ရပ်မှာပဲဆံပင်စုတ်ဖွားနဲ
ခေါင်းကြီးတစ်ဖက်စောင်းပြီးရပ်နေတဲ့မိန်းမတစ်ယောက်ရဲ့
အရိပ်ပါပေါ်နေတာပါ။

ရာဇလဲ...ငါ့ဘေးမှာဘယ်ကမိန်းမလာရပ်နေတာလဲ
ဆိုပြီးဘေးကိုလှည့်ကြည့်လိုက်တော့.....

သူဘေးမှာ....ဘယ်သူမှလဲရှိမနေသလိုဘယ်မိန်းမကမှလဲ
ရပ်မနေပါ။

ရာဇလဲကြောင်တောင်တောင်နဲ့မြေကြီးပေါ်ကို
ပြန်ကြည့်လိုက်တော့......ထိုမိန်းမတစ်ယောက်ရဲ့အရိပ်ကြီးက
ဆက်ရှိနေဆဲ။

"ဘာလဲဟ"ဆိုပြီးဘေးကိုကြည့်လိုက်ပြန်တော့
ဘယ်သူမှရှိမနေပြန်ဘူး။

အဲ့ဒါနဲ့တံထွေးကိုတစ်ချက်မြိုချပြီးမြေကြီးပေါ်ပြန်ကြည့်
လိုက်တော့..........ထိုအရိပ်ကြီးကသူ့အရိပ်ရဲ့ဘေးမှာ
ရှိနေတဲ့အပြင် သူ့ကိုပါခေါင်းကြီးစောင်းပြီးကြည့်နေတာကို
တွေ့လိုက်ရပါတယ်။

"ဟိုက် သွားပြီ။ -ီးတွေတော့ဖြစ်ကုန်ပြီ၊ လူမရှိပဲအရိပ်ကြီး
မြေကြီးပေါ်မှာပေါ်နေတယ်ဆိုထဲကနာနာဘာဝဆိုတာသေချာပြီ။ ငါတော့ငါးပါးမှောက်ပြီ" ဟုရာဇစိတ်ထဲတွေးလိုက်မိပါတယ်။

သရဲမကြီးတစ်ကောင်ကိုယ့်ဘေးမှာရပ်ပြီးကိုယ့်ကိုခေါင်းကြီးစောင်း
စိုက်ကြည့်နေတယ်ဆိုတဲ့အသိနဲ့သောက်ထားတဲ့အရှိန်တွေပါ
ပြေကုန်ပြီး....ကြက်သီးတွေပါထလာပါတယ်။

လမ်းသွားလမ်းလာလေးများရှိလေမလားဟုမျက်စိကစားကြည့်ပြန်
တော့လည်း လူမပြောနဲ့ခွေးတစ်ကောင်တစ်လေတောင်မတွေ့ရပါ။

သရဲမကြီးတစ်ကောင်လုံးငုတ်တုတ်ကြီးရှိနေတဲ့ဒီလမ်းမှာကြာကြာ
နေရင်ငါသေလိမ့်မယ် ဟုတွေးရင်းအိပ်ဖို့စိတ်ကူးကိုဖျက်လိုက်ပြီး
ယိုင်တိုင်တိုင်နဲ့ပဲ....ရာဇထိုနေရာကနေခပ်သွက်သွက်လျှောက်လာ
လိုက်ပါတယ်။

သွားနေရင်းနဲ့မြေကြီးပေါ်ကိုကြည့်လိုက်ပြန်တော့.....
သူ့အရိပ်ရဲ့နောက်ကနေ...ထပ်ကြပ်မကွာလိုက်လာနေတဲ့
ထိုသရဲမအရိပ်ကိုမြင်လိုက်ရပါတယ်။

"ဟာ....ဒီ...ဒီသရဲမငါ့....ငါ့နောက်လိုက်လာနေပါလား" ဆိုပြီး
ရာဇတစ်ယောက်စောနကထပ်ပိုမြန်တဲ့ခြေလှမ်းတွေနဲ့မပြေးရုံ
တမယ်....လျှောက်ပါတော့တယ်။

ဒါပေမယ့်...မြေကြီးပေါ်ကိုကြည့်လိုက်တိုင်းလဲထိုသရဲမက
သူ့အနောက်ကနေခေါင်းတစ်ဖက်စောင်းပြီးလိုက်လာနေဆဲပဲ
ဖြစ်ပြီး....တစ်ချက်တစ်ချက် ထထခုန်ပါသေးတယ်။

ရာဇလဲ စောနကမူးနေတာတွေရောအိပ်ငိုက်နေတာတွေရော
ဘယ်ပျောက်သွားမှန်းတောင်းမသိပဲ ခြောက်ခြားစိတ်တစ်ခုထဲက
သာ ကြီးစိုးနေပါတယ်။

အဲ့ဒီလိုနဲ့ ထိုလမ်းတစ်လျှောက်ခပ်သွက်သွက်လျှောက်နေရာကနေ
လမ်းထိပ်နားလဲရောက်ခါနီးရော...ထိုအရိပ်ကစောနကထက်ပို
ထူးဆန်းလာပါတယ်။

ရာဇရဲ့အနောက်ကိုခေါင်းကြီးစောင်းပြီးတကောက်ကောက်လိုက်
နေရာကနေ.....ရုတ်တရတ်....လက်ကြီးနှစ်ဖက်ကိုဆန့်ထုတ်
လိုက်ပြီး ရာဇကိုလှမ်းကိုင်ဖို့လုပ်နေတာကို ရာဇမြင်လိုက်ရပါတယ်။

ဘယ်ပြောကောင်းမလဲ၊ တစ်လမ်းလုံးထိန်းလာခဲ့သမျှ
သတ္တိတွေ၊ ရဲရင့်မှုတွေ၊ တောင့်ခံနိုင်မှုတွေ သူကုန်ဆုံးသွားခဲ့ပြီ။

အနောက်ကနေ....ခေါင်းကြီးစောင်းရင်းလက်ကြီးနှစ်ဖက်ဆန့်
ထုတ်ပြီးသူ့ကိုလှမ်းဖမ်းဖို့ကြိုးစားနေတဲ့သရဲမရဲ့အရိပ်ကြီးကို
မြင်လိုက်ရအပြီးမှာ.........ရာဇတစ်ယောက်လုံးဝဆက်သည်းမခံ
နိုင်တော့ပါဘူး။

ပုဆိုးကိုကွင်းလုံးမရင်း ပါးစပ်ကနေလည်း ဖေတွေဖာတွေ
ရှိသမျှအဆဲပေါင်းစုံအော်ဆဲပြီး ပြေးတော့တာပဲ။

ပြေးရင်းနဲ့မြေကြီးပေါ်ကိုကြည့်လိုက်ပြန်တော့....
ထိုသရဲမအရိပ်ကြီးကလဲ သူ့နောက်ကနေထပ်ကြပ်မကွာ
အူယားဖားယားနဲ့ပြေးလိုက်လာနေပါတယ်။

ရာဇတစ်ယောက်တော့ပြေးတဲ့အရှိန်ကြောင့်ဖိနပ်တွေပါ
ကျွတ်ကျကျန်ခဲ့ပြီး ယောက်ကျားကြီးတန်မဲ့မျက်ရည်တွေလဲ
စီးကျလာနေပါပြီ။

စိတ်ထဲကလဲ အမေနဲ့ဘုရားကိုတရင်းမရပ်မနားပြေးလာလိုက်တာ
ဘယ်လမ်းတွေအထိပါရောက်လာလဲမသိ၊

တစ်နေရာအရောက်မှာတော့....လမ်းဘေးကွမ်းယာဆိုင်လေး
တစ်ဆိုင်ကိုတွေ့လိုက်ရတော့မှ ထိုကွမ်းဆိုင်လေးဆီ
အားကိုးတဲ့စိတ်နဲ့ အသည်းအသန်ပြေးသွားပါတော့တယ်။

ကွမ်းဆိုင်ကလူတွေလဲ ဖိနပ်မပါဘာမပါပဲ မျက်ရည်စက်လက်နဲ့
ပြေးလာတဲ့ရာဇကိုတွေ့တော့......ရုတ်တရတ်မို့ထိတ်လန့်သွားကြ
ပါတယ်။

နောက်မှ...အမောစို့ပြီးချွေးသီးချွေးပေါက်ဖြစ်နေတဲ့ရာဇကို
ရေတွေဘာတွေတိုက်ပြီးအကျိုးအကြောင်းမေးကြည့်ကြပါတယ်။

ရာဇကတော့....တော်တော်ကြောက်လန့်နေတာမို့သူတို့မေးတာတွေ
ကိုချက်ချင်းမဖြေနိုင်သေးပါဘူး။ လမ်းဖက်ကိုပဲကြည့်ပြီး
သရဲမဘယ်အချိန်ပေါ်လာမလဲဆိုပြီးသွေးပျက်နေပါတယ်။

နာရီဝက်လောက်အကြာမှ...ရာဇစိတ်နည်းနည်းပြန်တည်ငြိမ်လာ
ပြီးဖြစ်ခဲ့သမျှတွေကိုထိုကွမ်းယာဆိုင်ကလူတွေကိုပြောပြလိုက်တော့မှထိုလူတွေကရာဇကိုပြန်ပြောပြတယ်။

"လွန်ခဲ့တဲ့ငါးလလောက်က.....ဒီလမ်းထဲမှာပဲ အသက်လေးဆယ်
အရွယ်မိန်းမတစ်ယောက်ညဘက်ကြီးကားတိုက်ခံရပြီးပွဲချင်းပြီး
သေသွားဖူးတယ်တဲ့။
အဲ့လိုပဲ သေပြီးတစ်ပတ်လောက်အကြာထဲကညဘက်တွေဆို
လူမသွားရဲအောင်စခြောက်တာအခုထိပဲ။ အကိုမို့လို့အရိပ်ပဲ
မြင်လိုက်ရတာတချို့လူတွေဆိုအကောင်လိုက်ကြီးမြင်လိုက်ရတာ။
ဇက်ကြီးတစ်ဖက်ကျိုးကျနေပြီးတစ်ကိုယ်လုံးလဲသွေးတွေနဲ့
အရမ်းကြောက်ဖို့ကောင်းတယ်။"

ရာဇလဲ ထိုအကြောင်းတွေကြားပြီး နဂိုထဲကကြောက်နေရတဲ့
ကြားထဲအခုကွမ်းဆိုင်ထဲကပါပြန်မထွက်ရဲဖြစ်နေလို့.......
အဲ့ဆိုင်ကကောင်လေးတစ်ယောက်ကပဲရာဇကိုအိမ်လိပ်စာမေး
ပြီး စက်ဘီးနဲ့အိမ်ပြန်လိုက်ပို့ရှာတယ်။

အိမ်ရောက်တော့ရာဇတစ်ယောက် ရှက်ကလဲရှက်၊
အားကလဲနာတာနဲ့အဲ့ကောင်လေးကိုမုန့်ဖိုးငါးထောင်ပေးပြီး
ကျေးဇူးတင်ကြောင်းတွေတဖွဖွပြောရင်းပြန်လွှတ်လိုက်တယ်။

ကောင်လေးလဲအစကမယူဘူးပြောပေမယ့်ရာဇအတင်းပေးနေတာ
မို့ယူလိုက်ရပြီးနှုတ်ဆတ်ရင်းပြန်သွားတာပေါ့။

အဲ့နေ့ကစပြီး ရာဇတစ်ယောက်အရက်မသောက်တော့တာအခုထိပဲ
တစ်ခါတစ်လေဘော်ဒါတွေစုံလို့သောက်ဖြစ်ရင်လဲ မရရအောင်
အိမ်ပြန်လိုက်ပို့ခိုင်းတယ်။ မပို့ပေးရင်ပြသနာပတ်ရှာတယ်။
လုံးဝမပြန်ပဲအရက်ဆိုင်မှာပဲထိုင်နေတတ်တယ်။

အဲ့လိုနဲ့ လူဆိုးလူမိုက်လူပျိုကြီးရာဇတစ်ယောက်လိမ်မာသွား
လိုက်တာ.....အခုဆိုမိန်းမတောင်ရပြီး ကိုယ်ဝန်လေးလတောင်
လွယ်ထားရပြီတဲ့ဗျာ။

ဒီလို
အချိန်တွေနှစ်တွေကြာသွားပေမယ့် အခုထက်ထိသူညဘက်တွေ
သိပ်အပြင်မသွားရဲသေးပါဘူး။
--------------------------------------------------------------------------
                         The End
                                             Leon

Like & Share Please 💟

ဒီလိုမျိုးဇတ်လမ်းလေးတွေဖတ်ရတာ သဘောကျတယ်ဆိုရင်တော့
Page လေးကိုLike and Follow လေးလုပ်ထားနိုင်ပါတယ်။

ဇတ်လမ်းတွေကိုပြန်လည် ကူးယူတင်ခွင့်မပြုပါ။

မှတ်ချက်: { ကျွန်တော်ရေးသမျှဇတ်လမ်းတွေအားလုံးကကိုယ်တိုင်
ဖန်တီးပြီးရေးထားတဲ့ ကိုယ်တိုင်ရေးဇတ်လမ်းတွေပါပဲ။ ဘာသာပြန်
ဇတ်လမ်းတွေကျွန်တော်လုံးဝမရေးပါဘူးဗျ}



#leon
-----------------------------------------------------------------------
တစ်ခုတောင်းဆိုစရာရှိပါတယ်၊ ဖတ်ပြီးသွားရင်လည်း
like and share လေးဖြစ်ဖြစ်လုပ်ပေးကြပါနော် ။❤
ဘာပဲဖြစ်ဖြစ် အဲ့ဒါလေးတွေများများရရင် စာရေးရတဲ့သူအတွက်
အားရှိပြီး နောက်ဇတ်လမ်းတွေပိုများများရေးနိုင်စေလို့ပါ။
အဲ့တော့တကယ် အားပေးချင်ရင် React လေးနဲ့ Share
လေးတော့လုပ်ပေးကြပါ ချစ်တယ်။🥺 အဆင်ပြေရင်
page review ပါဝင်ရေးပေးလဲရတယ် စိတ်မဆိုးဘူး 🙄❤

#Leon

Post a Comment

Previous Post Next Post

Comments