ကျနော့် ရဲ့ မနက်ခင်းက ဘာပဲဖြစ်ဖြစ် တစ်ချက် ပြုံး တယ်။

ကျနော့် ရဲ့ မနက်ခင်းက ဘာပဲဖြစ်ဖြစ်
တစ်ချက် ပြုံး တယ်။


ဝေးရတာပဲ ဖြစ်ဖြစ်၊ ပေါင်းဖက်ရတာပဲ ဖြစ်ဖြစ်၊
ထပ်တူဝမ်းမသာ နိုင်ရင်တောင်
မျှဝေပျော်ရွင်ပေးနိုင်ဖို့ ကိုယ့်ရင်ဘက်ကို
ဖွင့်ပေးလိုက်ပါတယ်။

ချစ်ခြင်းမေတ္တာ ဆီက ကမ္ဘာတခြမ်းနဲ့ 
ထပ်တူ မျှသော သံယောဇဉ်ကိုလည်း
 မတောင်းဆိုပါဘူး။

ပြိုလဲချိန်မှာ လည်း ဆွဲထူပေးမယ့် လက်တစ်စုံရယ်၊
စိတ် အဖျားတက်နေချိန် မှာလည်း
နွေးထွေးပေးမယ့် နှုတ်တစ်ခွန်းရယ် ပဲ
ပိုင်ဆိုင်ရလိုပါတယ်။

#လောင်ပါး

Post a Comment

Previous Post Next Post

Comments