ဘဝထဲကစွန့်လွှတ်သင့်သူများ🎊

🎊ဘဝထဲကစွန့်လွှတ်သင့်သူများ🎊  
=================


📛 လောကမှာ 
အချို့အရာတွေကို 
ကိုယ်က ဆုပ်ကိုင်ထားမိတဲ့အခါ 
ကိုယ့်အတွက်ဘာအကျိုးမှမရှိတဲ့ 
အရာမျိုးတွေရှိတတ်ပါတယ်။ 

📛 ဒါကြောင့် 
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် 
စွန့်လွှတ်ရမယ့်အရာတွေရှိနေပါတယ်။ 
အဲဒါတွေဟာ ကိုယ့် ဘဝအတွက် 
မကောင်းစေတဲ့အရာမှန်သမျှပဲဖြစ်ပါတယ်။ 

📛 ကိုယ့်အပေါ် မကောင်းတဲ့ပတ်ဝန်းကျင်   
မကောင်းတဲ့အကျင့်ဆိုးရှိတဲ့သူတွေဟာ 
ကိုယ်ကျိုးအတွက်သာပေါင်းသင်းတာပါ 
သူ့ကိုယ်ကျိုးမပြည့်တဲ့အချိန်ကျရင် 
ကိုယ့်ကိုစွန့်ခွာသွားမှပါပဲ။ 

📛 ကိုယ့်ဘဝအတွက် 
စွန့်လွှတ်သင့်တဲ့သူမျိုးကို 
ပြတ်သားစွာစွန့်လွှတ်တတ်ပါစေ။ 
ဒါမှ ကိုယ့်စိတ်ကို ပေါ့ပါးစေပါလိမ့်မယ်။ 

📛 ဒီလိုမှမဟုတ်ရင်တော့ 
ကိုယ်နဲ့ မတော်တဲ့ဖိနပ်ကို  
စီးရသလိုပဲ စီးလိုက်တိုင်း 
ဖိနပ်ပေါက်တဲ့  ဝေဒနာကို 
ခံစားနေရတာမျိုးလို ဖြစ်နေပါလိမ့်မယ်။ 

📛 ဥပမာ 
ကိုယ့်အပေါ် သူ့လိုအပ်ချက်ကို 
ရေသာခိုပြီး ဖြည့်ဆည်းပေးဖို့ 
ချဉ်းကပ်နေတဲ့ မိတ်ဆွေမျိုးကို 
မစွန့်လွှတ်ပဲ အားနာနေရမယ်ဆိုရင် 
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ 
ကိုယ့်ကို စိတ်အနှောက်အယှက် 
ဖြစ်လာစေနိုင်ပါလိမ့်မယ်။ 

📛 ပြောချင်တာက သူ့ဘဝအတွက် 
လုံးဝ ကိုယ့်ကို အသုံးချချင်တဲ့စိတ်  
ရှိတဲ့သူမျိုးကို ပြတ်သားစွာစွန့်လွှတ်ပစ်ပါ။  

📛 လောကမှာ 
ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ရဲ့ ဘဝကို 
လာပြီး ခြယ်လှယ်လို့ မရသလို၊ 
ဘယ်သူ့အတွက်မှလည်း 
တစ်ချိန်လုံး အကြောင်းမဲ့ 
ကယ်တင်နေနိုင်မှာမဟုတ်ပါဘူး။ 
ကိုယ့်ကိုယ်ကိုသာ ကယ်တင်နိုင်ရမှာပါ။ 

📛 ဒါကြောင့် ဒီနေ့ကစပြီး 
ဘယ်လိုအရာမျိုးတွေကို 
ဘဝထဲက စွန့်လွှတ်သင့်သလဲဆိုတော့ 
🔺အကျင့်ဆိုးရှိတဲ့သူတွေ၊ 
🔺အပေါင်းအသင်းဆိုးတွေ၊ 
🔺relationship ဆိုးတွေ၊ 
🔺ပတ်ဝန်းကျင်ဆိုးတွေ 
စတဲ့သူတွေကို စွန့်လွှတ်ဖို့ ကြိုးစားပါ။ 

📛 ကိုယ့်ဘဝအတွက် 
အဆိပ်အတောက် 
ဖြစ်စေတဲ့သူဟူသမျှကို 
စွန့်လွှတ်တဲ့အချိန်ကစပြီး 
တဖြေးဖြေး ကိုယ့်ရဲ့ ဘဝဟာ 
အချုပ်အနှောင်ကင်းစွာ 
ပိုမိုတိုးတက်လာပါလိမ့်မယ်။ 

#Credit
#စာပေ
#စာပေဗဟုသုတ
#KoLinThiHa𝙘𝙧𝙙
#Add #Friend #Me #Knowledge

Post a Comment

Previous Post Next Post

Comments