ရှမ်းခေါက်ဆွဲ လုပ်နည်း
(အနည်းငယ်တော့ကွဲပြားနေပါလိမ်မယ်)
ပါဝင်ပစ္စည်များ( ၅ပွဲစာ)
ကြက်သားဟင်းချက်ရန်
-ကြက်အသား ၃၀၀ ဂရမ်
-ကြာညို(ပဲငံပြာရည်အကြည်) ၁ဇွန်း(စားပွဲတင်)
– five spice powder ၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-သကြား၁ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ၁လုံး၊ဖြူ ၃မွှာ
- ရှောက်ကော ပါးကောအနည်းငယ်
ခရမ်းချဉ်သီး -3လုံး
ကြက်သွန်ဖြူဆီချက် အနည်းငယ်
မြေပဲလှော် ထောင်း
ကြက်သွန်မိတ်
ကြက်သားကို ကြာညို(ပဲငံပြာရည်အကြည်) ၁ဇွန်း(စားပွဲတင်)၊ five spice powder ၁ဇွန်း(အချိုဇွန်း)၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ သကြား၁ဇွန်း(စားပွဲတင်)တို့ဖြင့်နယ်ထားပါ။ခရမ်းချဉ်သီးနှင့် ရှောက်ကောပါးကောပါထည့်ပါ''
ဆီပူတွင် ထောင်းထားပြီးသား ကြက်သွန်နီ၊ ဖြူများ ဆီသတ်ပြီး ရွှေဝါရောင်သန်းတဲ့အခါ ကြက်သားလေးများ ထဲပြီးလုံးပါ။ ရေလီတာဝက်ခန့်ထဲ့ပြီးအဖုံးအုပ်ထားလိုက်ပါ။ ဆီပြန်ရင်ရပါပြီ။
ပွဲပြင်ရန်အတွက်
ခေါက်ဆွဲထည့်မည် အသားဟင်းထည့်မည်
မြေပဲ ကြာညို့ရည်ထည့်မည်
ကြက်သွန်မိတ်ထည့်ပြီးဆိုရပါပြီ
credit - myatthuzar cookkbook

Post a Comment