မိဘကိုယ်တိုင်မြေတောင်မြှောက်ပေးပါ

မိဘကိုယ်တိုင်မြေတောင်မြှောက်ပေးပါ
**************************************


"ကလေးက သူ့ကံနဲ့သူ လာတာ " ဆိုတဲ့
အမြင်တွေ ဗမာတွေကြား အရိုးစွဲနေတယ်။

ကလေးဟာ ကိုယ်နဲ့ မတူသူ၊ သီးခြားလူသား
ဖြစ်သူ၊ သူ့ဘဝ သူကိုယ်တိုင် ဦးဆောင်ရမယ့်သူ
အဲဒီလို သတ်မှတ်ပြီး သူ့ကံနဲ့သူလို့ ခံယူကြတာ
ကောင်းပါတယ်။

အဲဒီလိုမဟုတ်ပဲ ကိုယ်မြေတောင်မြှောက်ပေးရ
မယ့်ကိစ္စ လျှောချဖို့၊ ကလေးဘဝရပ်တည်နိုင်
အောင် တည်ဆောက်ပေးရမယ့် ကိုယ့်တာဝန် 
ရှောင်ဖယ်ဖို့ သူ့ကံနဲ့သူ လာတာဟု သူ့အပေါ်
အစစပုံချတဲ့နည်းနဲ့ဆိုရင်တော့ မကောင်းဘူး။

တနည်းဖြင့် ကလေးကို ပညာတတ်အောင်သင်
ပေးဖို့၊ လုပ်စားတတ်အောင် သင်ပြပေးဖို့၊
တတ်နိုင်ရင် အရင်းအနှီးထုတ်ပေးဖို့၊ လောကထဲ
ရပ်တည်တတ်အောင် လမ်းပြပေးဖို့က မိဘ
တာဝန်ပါ။ ဒီတာဝန်တွေ မိဘက မထမ်းဆောင်ပဲ
ကလေးကို သူ့ကံနဲ့သူ လာတာဟု အစစ ကလေး
အပေါ် အလုံးစုံပုံချ တာဝန်ယူစေတဲ့ နည်းဆိုရင်
တော့ မကောင်းဘူး။

ကျနော်နဲ့ ရွယ်တူ တစ်ခေတ်ထဲ ဘော်ဒါတွေ
ဟာ ကျောင်းပညာရေး ဆုံးခန်းမတိုင်ပါဘူး။
ငါးတန်း ခြောက်တန်းနဲ့ ကျောင်းထွက်ကြပြီး
မြို့တက် အလုပ်လုပ်ကြရပါတယ်။
အုတ်ထမ်း၊ သဲထမ်း၊ ကန်ထရိုက်တိုက် အစောင့်၊
လ္ဘက်ရည်ဆိုင်စာပွဲထိုး၊ ကုမ္မဏီတစ်ခုမှ လေဘာ
စသည်ဖြင့် အလုပ်အမျိုးမျိုးပေါ့။

အဲဒီလို အောက်ခြေအလုပ်တွေ အလွယ်ဝင်လုပ်
ကြရင်း တစ်ရာတစ်ယောက် အချို့က ဂွင်တည့်
ပြီး ငွေများများရတဲ့ အခြေအနေတစ်ခု ရရှိသွား
ပါတယ်။ ငွေများများရလာတော့ သူ့မိဘကို
ပြန်ထောက်ပံ့နိုင်တယ်။ 

အဲဒီမှာ ပြန်မထောက်ပံ့နိုင်တဲ့ လူငယ်တွေရဲ့
မိဘတွေက ထောက်ပံ့နိုင်သူကို လက်ညိုးထိုးပြီး
"တွေ့လား ၊ဘယ်သူ့ သားသမီးတော့ အလုပ်တွေ
ကောင်းနေတယ်။ ငွေတွေ မိဘကို ထောက်ပံ့နိုင်
တယ်" ဆိုပြီး ပြောကြတယ်။

သူတို့ အမြင်က သူများသားသမီးမှ ဝင်ငွေ
ကောင်းရင်၊ ငွေတွေရရင် ငါတို့သားသမီးလည်း
ဝင်ငွေကောင်းရမယ်၊ အလုပ်ကောင်းရမယ်
လို့ ထင်မှတ်နေကြတာ ဖြစ်ပါတယ်။

ဒီလို ထင်မှတ်တာဟာ ဥာဏ်နဲခြင်းပါ။
ကိုယ်က သားသမီးကို ပညာစုံအောင်သင်မပေးပဲ၊
အရင်းအနှီး တည်ဆောက်မပေးပဲ၊ ကာယ၊ ဥာဏ
အစွမ်း တပ်မပေးပဲ သားသမီးဆီက အထောက်
အပံ့ကို ဘာလို့ မျှော်လင့်နေကြသလဲ။

ကိုယ်က သားသမီးကို တည်ဆောက်ပေးမှု
ဗလာနဲ့ လောကထဲ လွှတ်တယ်။ သူ့ကံနဲ့သူ
လာတာ ဆိုတဲ့ ဘာမှန်းမသိတဲ့ မျှော်လင့်ချက်
ရောပေါ့။ အဲဒီမှာ သားသမီးဆီက ဘာမှ
ပြန်မရတော့ ရတဲ့သူနဲ့ နှိုင်းပြီး သားသမီးညံ့တယ်
ဆိုကြတယ်။

သားသမီးအတွက် ပညာ(သို့) ဥစ္စာ ဘာအရင်းအနှီး
တစ်ခုမှ တည်ဆောက်မပေးပဲ ဗလာနဲ့ လောကထဲ
လွှတ်ပြီး ၊ အဲလို ကလေးမျိုး ဂွင်တည့် ကောင်းစား
တယ်ဆိုတာ တစ်ရာမှာ တစ်ယောက်ပဲ ရှိနိုင်တယ်။
အဲဒီတစ်ယောက်သမားကို ယှဥ်ပြီး ကျန်တဲ့
၉၉ ယောက်က ညံ့တယ်၊ ဖျင်းတယ် လို့ မိဘ
တွေက ပြောနေတာဟာ ဥာဏ်နဲတာပါပဲ။

ကလေးကို ထီလက်မှတ်လို ယူဆနေတာပဲ။

သူ့ကံနဲ့သူ လာတာဆိုပြီး ဆိုးခြင်းကောင်းခြင်း
အားလုံးကို ကလေးအပေါ် ပုံချ၊ ကိုယ်ကလည်း
ဘာမှ တည်ဆောက်မပေးပဲ ကလေးဆီက
အခွင့်အလမ်းတွေ မျှော်လင့်နေချင်သေး။
ဘယ်လို နားလည်ရတော့မလဲ။

အဆုံးကို အမြန်ပြောရရင်တော့ ဗမာအများစု
ဟာ "ဘာမှ အားစိုက်မထုတ်ပဲ၊ တည်ဆောက်ခြင်း
မလုပ်ပဲ၊ အကြောင်းကောင်းအောင် လုပ်ဆောင်
ပေးရမယ့် တာဝန်ကြတော့ မယူကြပဲ " ကောင်းတာ
တစ်ခုခု ဖြစ်လာတော့မယ်၊ ပြန်ရလိမ့်မယ်လို့
အိမ်မက် မက်နေကြသူတွေ ပါပဲ။

Credit
ပြန်လည်မျှဝေပါသည် BH😍

Post a Comment

أحدث أقدم

Comments