အခက်အခဲနဲ့ အောင်မြင်မှု
______________________________
တစ်ခါက ……
အိမ်တကာလှည့်ထင်းပေါက်နေတဲ့
ထင်ပေါက်သမား နှစ်ယောက်ရှိတယ် ။
တစ်ဦးကဆရာ နောက်တစ်ဦးက တပည့်တဲ့ ။
တခြားပညာရပ်တွေမှာ ကျွမ်းကျင်မှုပညာ
အလိုက် ဆရာတပည့်ဆိုပြီး အဆင့်တွေ
သတ်မှတ်ကြတာ လက်ခံပါတယ် ။
ခုတော့ ထင်းပေါက်တာတောင်
ဆရာနဲ့ တပည့်တဲ့ ။
အသက်က အရွယ်တူ
ကျွမ်းကျင်မှုကလည်း အတူတူ ။
ဘာလို့ ဆရာတပည့်တွေ ဖြစ်နေရတာလဲ ။
သူတို့အလုပ်လုပ်တာကို ကြည့်မိတော့မှ
သေချာ သဘောပေါက်ရပါတော့တယ် ။
တပည့်က အရင်ထင်းစခွဲတယ်။
တအုန်းအုန်းနဲ့ခွဲလိုက်တာ ထင်းချောင်းတွေ
အများကြီးပြီးတယ် ။
ဆရာလုပ်တဲ့သူကတော့ ဘေးမှာ
ထိုင်နေတယ်။ နောက်ဆုံး တပည့်ခွဲလို့
မလွယ်ကူလို့ ချန်ထားတဲ့ ထင်းတုံးတွေကိုမှ
ဆရာက စိတ်အေးလက်အေးနဲ့
ဖြည်းဖြည်းခွဲတယ် ။ သူခွဲလို့ရတာက
ထင်းချောင်းနည်းနည်းလေးပါ ။
ဒါပေမယ့် ထင်းပေါက်ခရတဲ့
ငွေခွဲယူတော့ လွယ်လွယ်ကူကူနဲ့
ထင်းတွေအများကြီးရအောင်ခွဲတဲ့
တပည့်က ငွေနည်းနည်းသာရပြီး
ခက်ခက်ခဲခဲနဲ့ ထင်းတုံးနည်းနည်းသာ
ရအောင်ခွဲတဲ့ ဆရာက ငွေပိုရတယ် ။
သူတို့လုပ်တာ အစဆုံးကြည့်ပြီးလို့
မအံ့သြတော့ပါဘူး ။ ထင်းပေါက်သမားလို့
လူတွေ လောကထဲမှာ အများကြီးပါ ။
အလုပ်တစ်ခုကို စလုပ်ကြည့်တယ် ။
လုပ်လုပ်ချင်းတော့ ခွန်းအားတွေ
ရည်ရွယ်ချက်တွေနဲ့ပေါ့ ။ ဒါပေမယ့်
အခက်အခဲလေးနည်းနည်းတွေ့လာတာနဲ့
လက်မြှောက် အရှုံးပေးနောက်ဆုတ်တော့
တာပဲ ။ နောက်အလုပ်တစ်ခုကို
ပြောင်းလုပ်တယ် ။ နောက်အလုပ်မှာ
အခက်အခဲတွေ့တော့ထပ်ပြီး ပြောင်းပြန်
တယ် ။ ဒီအခါ အောင်မြင်မှုနဲ့
ဝေးတော့တာပဲ ။
အခက်အခဲဆိုတာ နေရာတိုင်းမှာ
ရှိပါတယ် ။ ဖြစ်လာတဲ့အခက်အခဲကို
သတ္တိရှိရှိရင်ဆိုင်သူနဲ့ ရင်မဆိုင်ဘဲ
ရှောင်ထွက်သွားသူဆိုပြီး စိတ်ဓာတ်အရည်
အသွေးပေါ်မှုတည်ပြီး အောင်မြင်သူနဲ့
မအောင်မြင်ဘဲ ကျရှုံးသူလို့ ကွဲပြားသွား
တာပါ ။
ဒါကြောင့် ……
အခက်အခဲကို မကြောက်ကြပါနဲ့ ။
အခက်အခဲဆိုတာ ကိုယ့်မှာရှိတဲ့
အရည်အချင်းတွေကို ထွန်းပြောင်အောင်
သွေးပေးတဲ့ ကိုယ့်အစွမ်းအစကို
ထုတ်ဖော်နိုင်ဖို့ အကောင်းဆုံး
အခွင့်အရေးတစ်ရပ်လို့ မြင်ပါ။
ဒီလိုမြင်လာတဲ့အခါ ဖြစ်လာတဲ့အခက်အခဲ
ကို တွေးမကြောက်ရုံမျှမက သတ္တိစိတ်များပါ
ဖြစ်ပေါ်လာပြီး အောင်မြင်တဲ့
ဘဝပိုင်ရှင် ဖြစ်လာစေမှာ အမှန်ပါပဲ ။
_________________________နောက်ပြီးတော့-
စိတ်နေသဘာဝနဲ့ နည်းစနစ်ဆိုတာလည်း ရှိပါသေးတယ်
____________________________
တိုးတက်သူနဲ့ မတိုးတက်တဲ့သူကို
အဓိက ခွဲခြားပေးတဲ့အရာကတော့
စိတ်နေသဘောထားနဲ့ လုပ်နည်းစနစ်ပါပဲ ။
လူ့ဘဝကို လူတိုင်းလူတိုင်းဟာ
အတူတူရလာကြပါတယ် ။
ဒါပေမယ့် ………
တချို့က ကြီးပွားတိုးတက်အောင်မြင်ပြီး
တချို့က ဘာဖြစ်လို့ မအောင်မြင်ကြတာလဲ ။
ကံအကျိုးပေးခြင်းက ကွာဟတယ်လို့
ပြောရအောင်လည်း အောင်မြင်
တိုးတက်သွားကြတဲ့သူတွေရဲ့ ဘဝအစက
အခက်အခဲပေါင်းများစွာနဲ့ ကြုံဆုံခဲ့ကြရ
တာပါပဲ။
ဖြစ်ချင်တာဖြစ် ဘဝဆိုတာ ကံကောင်းမှ
အကျိုးပေးတာဆိုပြီး ကံကြမ္မာတစ်ခုတည်း
ကို ကြည့်ပြီး ဒီအတိုင်း နေကြည့်ပါလား
ဘဝဟာ စုတ်ပြတ်သတ်သွားပါလိမ့်မယ် ။
အိပ်နေတဲ့ ခြင်္သေ့မင်းရဲ့ပါးစပ်ထဲကို
ဘယ်သားကောင်ကမှ အဆင်သင့်
ဝင်မလာပါဘူး ။
လူတွေဟာ လူ့ဘဝကို ရနိုင်တယ်ဆိုတဲ့
ကံကောင်းအထောက်အပံ့ရှိပါလျက်နဲ့
တချို့ကတော့ ကြီးပွားကြပါတယ် ။
တချို့ကတော့ ကြလာလေလေ
နိမ့်ပါး လျော့ကျလာလေလေ
ဖြစ်သွားတတ်ပါတယ် ။
ဒါဟာ စိတ်နေသဘာဝနဲ့
အလုပ် လုပ်တဲ့နည်း စနစ်
ကွားခြားလို့ပါပဲ ။
Credit - ဗဟုသုတစာ ပေများ

Post a Comment