မင်းကို တစ်ကယ် ချစ်တဲ့သူက

မင်းကို တစ်ကယ် ချစ်တဲ့သူက 


ပထမတစ်ကြိမ် 
မင်းအမှားလုပ်မိတယ်
သူ မင်းကို ခွင့်လွှတ်ပေးလိုက်မယ် . . .

ဒုတိယတစ်ကြိမ် 
မင်းအမှားထပ်လုပ်တယ်
သူမင်းကို ထပ် ခွင့်လွှတ်ပေးလိုက်မယ် . . .

တတိယတစ်ကြိမ် 
မင်း အမှားထပ်လုပ်တယ်
သူအရင်တိုင်းပဲ မင်းကိုထပ်ခွင့်လွှတ်ပေးမယ် . . .

ဘာလို့ ခွင့်လွှတ်ပေးနိုင်လဲ 
သူမနာကျင်တတ်လို့ မဟုတ်ဘူး
သူမခံစားတတ်လို့ မဟုတ်ဘူး
သူအမှတ်မရှိလို့ မဟုတ်ဘူး
သူမင်းကို  အရမ်း ချစ်လို့ . . .

အဆုံးရူံးမခံချင်လောက်အောင် သူမင်းကိုချစ်လို့ 
မင်းလုပ်ရပ်တွေကို သူစိတ်နာချင်နာနေလိမ့်မယ်
ဒါမယ့် မင်းကိုတော့ အရမ်းချစ်တယ် . . .

သူကငါ့ကိုချစ်တာပဲ ငါလုပ်ချင်တာလုပ်မယ်
သူ ငါ့ကို နားလည်မှု ပေးထားတာပဲ ဆိုပြီး
ထင်တိုင်းကျဲချင်လည်း ကျဲပေါ့ဗျာ . . .

ချစ်တဲ့သူကတော့ ချစ်နေမှာပဲ 
တစ်ခုတော့ ရှိတယ် 
သူ သည်းမခံနိုင်တော့တဲ့ တစ်နေ့တော့ 
မင်း ဘာ မင်း သေသေ ရှင်ရှင်
လှည့်မကြည့်ပဲ ထားသွားလိမ့်မယ် . . .

သိပ်ချစ်တတ်တဲ့ သူတွေမှာ
သိပ်ပြက်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ် . . .

အတူတူ ရှိနေချိန်မှာ အပေးအယူမျှပါစေ
ငါက ငါမို့လို့ဆိုတဲ့ အတ္တတွေ မာနတွေ
မထားပါနဲ့ ... ချစ်ပါ .. အနိုင်မကျင့်ပါနဲ့ . . .

မင်းလုပ်ရပ်တွေကို သူ
သည်းမခံနိုင်တော့တစ်နေ့
မင်းသတိမထားမိလိုက်ခင်မှာပဲ
မင်းဘဝထဲကနေ သူ ထွက်ခွာ
သွားလိမ့်မယ် . . .

မရှိတော့မှ ဘယ်နည်းနဲ့မှ ပြန်မတမ်းတနဲ့  
သူ ပြန်လာမှာ မဟုတ်တော့ဘူး . . .

#eaint

Post a Comment

Previous Post Next Post

Comments