မသေချာတဲ့ မနက်ဖြန်တွေကို တွေးပူနေရင် ဒီနေ့ပစ္စုပ္ပန်မှာ ပျော်နိုင်မှာမဟုတ်တော့ဘူး

မသေချာတဲ့ မနက်ဖြန်တွေကို တွေးပူနေရင်
ဒီနေ့ပစ္စုပ္ပန်မှာ ပျော်နိုင်မှာမဟုတ်တော့ဘူး


ဆုံးရှုံးလိုက်ရမှာပဲလို့ အမြဲစိုးရိမ်နေရင်
သူ့ရဲ့ပိုင်ဆိုင်ခွင့်လေးကို အဲ့ဒီလူ
ကောင်းကောင်းခံစားလိုက်ရမှာ မဟုတ်ဘူး

ရှင်သန်ခွင့်ရတဲ့အခိုက်လေးမှာ
တန်ဖိုးလဲရှိ စိတ်လဲချမ်းသာအောင်နေပြီး
ပိုင်ဆိုင်ခွင့်ရတဲ့ အရာလေးတွေကို
အမြတ်တနိုးထား ခံစားတတ်သူသာ
ဘဝကို  ပျော်ရွှင်စွာ  နေသွားနိုင်တာ

အ ရာ ရာ မှာ
အဆုံးသတ်ဆိုတာတော့ ရှိစမြဲဘဲ
ဘယ်အရာကမှ အကြာကြီး မြဲမနေဘူး

ခံစားချက် တံခါးလေးပိတ်နိုင်တဲ့နေ့ကျ
ဥာဏ်ပညာမီးလေး ထွန်းလင်းလာပါလိမ့်မယ်

ဘ ဝ ကို
ဖြေတတ်အောင် ဖြေပြီး
နေတတ်အောင် နေ သွား ပါ …။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
` ခင် မင် လေး စား လျှက် ပါ ´

Post a Comment

أحدث أقدم

Comments