#မိန်းကလေးပါ ...👩
ငွေ မမက်ဘူး မပြောဘူး။ ငွေ မက်တယ်။
သူများကို မှီခိုပြီးရလာမဲ့ငွေ မဟုတ်ဘူး။
ကိုယ်ကိုယ်တိုင် ရိုးရိုးသားသားရလာတဲ့ငွေကို မက်တာ…!💸
ဂုဏ် မမက်ဘူး မပြောဘူး။ ဂုဏ် မက်တယ်။
ပကာသနဆိုတဲ့ ဂုဏ်မဟုတ်ဘူး။
ကိုယ့်သိက္ခာကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ ဂုဏ်ကို မက်တာ…!👸
ချမ်းသာတဲ့ယောက်ျားလေးကို မမက်ဘူး မပြောဘူး။ မက်တယ်။
ပိုက်ဆံချမ်းသာတဲ့ ယောက်ျားလေးမဟုတ်ဘူး။
စိတ်ဓါတ်ချမ်းသာတဲ့ ယောက်ျားလေး…!👦
မာန မရှိဘူး မပြောဘူး။ ရှိတယ်။
နေရာတကာ မောက်မာစွာနဲ့ဆက်ဆံတတ်တဲ့ မာန မဟုတ်ဘူး။
ရှိသင့်ရှိထိုက်တဲ့ နေရာမှာ ထားသင့်တဲ့မာန ရှိတာ…!!😇
ဟုတ်ကဲ့…!
ကျွန်မ မိန်းကလေးတစ်ယောက်ပါ…။☺💓
မေတ္တာများစွာဖြင့်
#ပန်းပျိုးလက်
နှလုံးသားအဟာရဖြစ်စေမည့်စာစုလေးများ

Post a Comment