#ဂဏန်းချဉ်စပ်မဆလာဟင်း
ပါဝင်ပစ္စည်းများ
-------------------
ဂဏန်း
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
ဆနွင်းမှုန့်
အရောင်တင်မှုန့်
ငရုတ်သီးစိမ်း
ရှမ်းနံနံ
နံနံပင်
ပျဉ်းတော်သိမ်းရွက်
မန်ကျည်းရည်
မဆလာ
ဆီ
ဘဲဥ
-ပထမဆုံးအနေနဲ့ ဂဏန်းကိုရေဆင်အောင်ဆေးပြီး ရေစစ်ထားပါ
-ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း တို့ကိုညက်နေအောင်
ထောင်းပါ
-ဘဲဥကိုကြေနေအောင်ခလောက်ထားပါ
-ရှမ်းနံနံ နံနံပင် ပျဉ်းတော်သိမ်းရွက်ကိုခြွေ၍ ရေဆေးပီးစစ်ထားပါ
-မန်ကျည်းရည်ကိုဖျော်ထားပါ
-ဒယ်အိုးထဲသို့ဆီထည့်ပြီး နနွင်းမှုန့် အရောင်တင်မှုန့် တို့ဖြင့်ဆီသတ်ပါ
-မွှေးနံ့ထွက်လာလျှင် ဂဏန်း မဆလာ ဘဲဥ
တို့ကိုထည့်ပြီးဆီပြန်သတ်ပါ
-အချိုအငံထည့်၍မန်ကျည်းရည်အနေ
တော်လောင်းထည်ိ့်ပါ
-ဆူလာလျှင် အမွှေးအကြိုင်အရွက်များထည့်၍ သုံးဆောင်လို့ရပါပြီ ✌✌✌
credit - Foodinyourheart

Post a Comment