#ပန်းနာရင်ကြပ် #ဆီးချို #အစာကြေဝမ်းမှန်စေတဲ့ #ရုံးပတီးသီး

#ပန်းနာရင်ကြပ် #ဆီးချို
#အစာကြေဝမ်းမှန်စေတဲ့ #ရုံးပတီးသီး
 


ပန်းနာရင်ကျပ်သမားတွေအတွက် မိတ်ဆွေကောင်း

ပန်းနာရင်ကျပ် ရောဂါဆိုတာ အဆုတ်လေပြွန်တွေ ရောင်ရမ်းပြီး အသက်ရှူရခက်တဲ့ ရောဂါတစ်မျိုးပါ။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်၊ ဘီတာမင် စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေကြောင့် ပန်းနာရင်ကျပ် ရောဂါကို သက်သာစေပြီး ရင်ကျပ်တဲ့ အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။

 အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေခြင်း

ရုံးပတီပင်က အပွင့်နဲ့ သစ်ရွက်တွေကို ပြုတ်ပြီး သောက်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါ နဲ့ အအေးမိတုတ်ကွေးရောဂါ တွေကို သက်သာစေတယ်လို့ တိုင်းရင်းဆေးဆရာတွေက ဆိုကြပါတယ်။

ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း

ရုံးပတီသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ခန်ဓါကိုယျရဲ့ ခုခံစွမ်းကိုတိုးတက်စေနိုင်ပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုသွေးဖြူဥဆဲလ်တွေကို ထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။

ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်
ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆူလင်ဆေးဆိုတာ ဆီးချိုသမားတွေမှာ အသုံးပြုတဲ့ ထိုးဆေးပါ။ ရုံးပတီသီးမှာပါတဲ့ Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းမှ သကြားဓာတ် စုပ်ယူမှုကို ထိန်းသိမ်းပေးကာ သွေးတွင်းရှိ သကြားဓာတ် လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးပါတယ်။

အပူဒဏ်ကြောင့်ဖြစ်တဲ့ နွမ်းနယ်ခြင်းတွေ ကင်းဝေစေခြင်း

ရုံးပတီသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက အပူဒဏ်ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပါတယ်။

အမြင်အာရုံတိုးတက်ကောင်းမွန်စေခြင်း

ရုံးပတီသီးမှာ ဗီတာမင်အေ (vitamin A) ကြွယ်ဝစွာပါဝင်သလို ဗီတာကယ်ရိုတီးနွိုက်၊xanthein နဲ့ lutein တို့လိုမျိုး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါဝင် တာကြောင့် နေ့စဉ်စားသုံးပေးမယ်ဆိုရင် မျက်လုံးကြွက်သားတွေပျက်စီးတာနဲ့ အတွင်းတိမ်ဖြစ်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အရေပြားကိုကျန်းမာစေနိုင်ခြင်း

ဗီတာမင်အေ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကျန်းမာအောင် ကာကွယ်ပေးသလို အနာကျက်မြန်စေတဲ့ အပြင် ဝက်ခြံတွေနဲ့အမာရွတ်ဖြစ်တာတွေကိုလည်းလျှော့ချပေးပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်းလျော့ပါးသက်သာစေပါတယ်။ 

သွေးပေါင်ချိန်ကိုကျဆင်းစေနိုင်ခြင်း

ရုံးပတီသီးမှာ လူ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ် အပါအဝင် ခန်ဓါအတှကျမရှိမဖွဈလိုအပျတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်က ခန်ဓါကိုယျတှငျးက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတာကြောင့်ကိုယ်တွင်း အရည်ဓါတ်ကို ဟန်ချက်ညီအောင်ထိန်းညှိပေးရာမှာ အရေးပါလှပါတယ်။ ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကိုပြေလျော့စေနိုင်တာကြောင့်သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောစနစ်ကို တင်းအားလျော့ကျစေနိုင်ပါတယ်။သွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း

လေ့လာမှုတစ်ရပ်မှာ ရုံးပတီသီးက ဓါတုပစ္စည်းတွေကြောင့် အသည်းအဆိပ်သင့်တာတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် free radicalsတွေကြောင့် အသည်းရောဂါဖြစ်ပေါ်ခ့စားရမှုကိုလျှော့ချပေးမှာဖြစ်ပါတယ်။ ရုံးပတီသီးကfree radicalsတွေကိုတိုက်ထုတ်ပေးပြီး အသည်းရဲ့ ဆဲလ်အမြှေးပါးတွေကိုလည်း ကျန်းမာအောင် ထိန်းညှိပေးပါတယ်။

အာရုံကြောထိခိုက်ပျက်စီးမှုဖြစ်နိုင်ခြေတွေကိုလျော့ပါးသက်သာစေနိုင်ခြင်း

ရုံးပတီသီးက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်ပါတယ်။oxidative stressတွေကြောင့်ဖြစ်တဲ့ အာရုံကြောဆိုင်ရာရောဂါတွေမဖြစ်ပေါ်အောင်လည်းကာကွယ်ပေးပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအငောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် အာရုံကြောဆိုင်ရာရောဂါတွေဖြစ်ပေါ်ခံစားရမှုကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်း

ရုံးပတီသီးမှာပါတဲ့lectin isolated ကရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ် လို့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ ရင်သားကင်ဆာအကျိတ်ဆဲလ်တွေရဲ့ကြီးထွားမှုကို ၆၃ ရာခိုင်နှုန်းအထိလျော့ချပေးနိုင် ပါတယ်။

နေ့စဉ်စားသုံးမယ့် အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာလျော့ကျစေ နိုင်မှာဖြစ်ပါတယ်။

အူမကြီးကင်ဆာဖြစ်ပွားနှုန်း လျော့နည်းစေခြင်း

ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ် တွေကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်တွေက ကင်ဆာဖြစ်စေနိုငိတဲ့ ဆဲလ်များပြောင်းလဲမှုကို တားဆီးကာကွယ်ပေးပါရုံသာမက ကိုယ်ခံအားကို တိုးပွားစေကာ ရောဂါပေါင်းစုံမှ ကာကွယ် ပေးနိုင်ပါတယ်။

အဝလွန်ခြင်းမှ ကင်းဝေးစေခြင်း

ရုံးပတီသီးမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက အစာမွတ်သိပ်မှုကို တားဆီးပေးပြီး မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။

သွေးအတွင်းအဆီ ကျစေခြင်း
ရုံးပတီသီးမှာပါဝင်တဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို ကျစေကာ သွေးကြောကျစ်မာခြင်း၊ သွေးတွင်းအဆီ ပိတ်ခြင်းတွေကို တားဆီးပေးခြင်း အားဖြင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

အစာကြေ ဝမ်းမှန်စေခြင်း

ရုံးပတီသီးမှာ အမျှင်ဓာတ်များစွာနဲ့ ပျစ်ချွဲရည်တွေ ပါဝင်ပါတယ်။ ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာ တွေကို ကြေညက်စေပြီး အစာမကြေတာကို သက်သာကာ ဝမ်းမှန်စေပါတယ်။ ရုံးပတီသီးမှာပါတဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်ကြောင့် အူတွင်းက အညစ်အကြေးတွေရဲ့ ရွေ့လျားမှုကို အဆင်ပြေချောမွေ့စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ရုံးပတီသီးက သဘာဝကပေးတဲ့ ဝမ်းမှန်ဆေးပါပဲ။

ကိုယ်ဝန်ဆောင်တွေ နေ့စဉ် စားသုံးသင့်တဲ့မီးဖိုချောင်မှ ဆေးတစ်လက်

ရုံးပတီသီးမှာ ပါဝင်တဲ့ ဖောလစ်ဓာတ်နဲ့ အာဟာရတန်ဖိုးတွေက ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးခြင်းကို ကူညီပေးရုံသာမက ကိုယ်ဝန်ပျက်ကျခြင်းကို တားဆီးပေးပြီး ကလေးတွေမွေးလာတဲ့အခါ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်တွေ ပါမလာအောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ရုံးပတီသီးကို ပုံမှန်စားရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

အရိုးတွေကို သန်မာစေခြင်း

ရုံးပတီသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ဘီတာမင် ကေ နဲ့ ဖော့လိတ်ဓာတ်တွေကြောင့် အရိုးတွေရဲ့ သိပ်သည်းဆကို မြင့်မားစေပြီး အရိုးတွေကို သန်မာစေကာ အရိုးပွရောဂါ မှ ကာကွယ် တားဆီးပေးပါတယ်။

မြန်မာဆေးကျမ်းအလိုအားဖြင့် ရုံးပတီသီးသည် ကျိချွဲ၏။ လေ၊ သလိပ်ကို ပျက်စေတတ်၏။အကြောအခြင်တို့ကို လေးလံတောင့်တင်းစေတတ်၏ဟု ဆိုလေသည်။ 

ရုံးပတီသီး မှာoxalate များစွာပါဝင်တာကြောင့်  သည်းခြေကျောက်တည်တာနဲ့ကျောက်ကပ်ကျောက်တည်တဲ့ဝေဒနာခံစားနေရသူတွေအနေနဲ့ ရှောင်သင့်ပါတယ်

ပိုမိုလေ့လာလိုပါက page အား like &follow လုပ်ရန် ...

Post a Comment

Previous Post Next Post

Comments