ဖြတ်သန်းနေရတဲ့ဘဝမှာ
ငွေကြောင့်
ခဏခဏ အနှိမ်ခံရတာအများဆုံးပဲ။
ရင်ကော့ပြီး
ပြန်ပြောချင်ပေမယ့်
တစ်ဖက်က ဓနအားကြောင့်လည်း
ခဏခဏ ခေါင်းငုံ့ခံခဲ့ရဘူးတယ်။
ဘာလိုချင်သလဲလို့ မေးလာခဲ့ရင်
ငွေပဲလိုချင်တယ်။
ဘာဖြစ်ချင်သလဲလို့ မေးလာခဲ့ရင်လည်း
ချမ်းသာတဲ့သူဖြစ်ချင်တယ်လို့ပဲ ဖြေမယ်။
အနှိမ်ခံရတဲ့ ဘဝမျိုးမှာ မဟုတ်ရင်တောင်
ငေးမောရတာတွေ အားကျရတာတွေနဲ့တင် မောပန်းနေခဲ့ပြီ။
ငယ်ငယ်က
ငွေမက်သူဆိုရင် အမြင်ကပ်ခဲ့မိသလို
ကိုယ်တိုင်ကြုံရတဲ့ ဘဝအချေနေမှာတော့
ငွေမက်သူတွေကို နားလည်လာတယ်
ငွေရှိမှ လူရာဝင်တယ်ဆိုတာလည်း သဘောပေါက်လာတယ်။
ချစ်တာတွေ မေတ္တာတွေကို အရင်မရှာပါနဲ့
ငွေကိုအရင်ရှာပါ
ငွေရှိလာတဲ့ တနေ့ရောက်ရင်
ချစ်တာတွေ မေတ္တာတွေဟာ အလိုလိုရောက်လာလိမ့်မယ်ဆိုတဲ့ စကားလေးကို အရမ်းသဘောကြမိတယ်။
အခုခေတ်မှာတော့
ငွေမရှိရင် ဘောင်မဝင်တော့ဘူး။
ဒါ့ကြောင့် ကျနော် ငွေအရမ်းရှိချင်တယ်။
#crdpic

Post a Comment