"ဗူးသီးကြော် (သို့) ဂေါ်ရခါးသီးကြော်"
အကြော်မကြော်ခင် ဗူးသီး (သို့) ဂေါ်ရခါးသီးကို အရင်ဆုံး လှီးထားပါ။ ထူထူကြီး မလှီးပါနဲ့ ။
မထူမပါးလေး လှီးပြီး ဗန်းတစ်ခုထဲမှာ လေသလပ်ခံထားပါ။ ရေမစိုပဲ ခြောက်ခြောက်လေး ဖြစ်နေပါစေ....
အကြော်မှုန့်ကို ဇလုံတစ်ခုထဲ ဖောက်ထည့်ပါ။ ချင်းလက်တစ်ဆစ် ထောင်းထည့်ပါ။ ဆော်ဒါမှုန့် ဇွန်းဖျားလောက် ထည့်ပါ။ ဆား၊ အရသာမှုန့် အနည်းငယ်စီ ထည့်ပါမယ်။
အရောင်လေး လှချင်ရင် ဆနွင်းမှုန့် အနည်းငယ် ထည့်ပါ။
အဓိက အရေးကြီးတဲ့ ရေကို ထည့်မယ်ဆိုလျှင် ရိုးရိုးရေအေးကိုပဲ ထည့်ပါ။ ရေနွေး မထည့်ရပါ။
ရေကို ထိန်းပြီး နည်းနည်းချင်းစီ ထည့်ကာ လက်က အကြော်မှုန့်တွေကို ချေပြီး မွှေပေးပါ။
အစိလေးတွေ မကျန်ခဲ့စေပါနဲ့။ အကြော်မှုန့်တွေ လုံးပြီး ခဲမနေအောင်လို့ သေချာချေပေးပါ။
ရေကို လက်မလွန်အောင် ထိန်းပြီး ထည့်ပါ။ မုန့်နှစ်က ပျစ်ပျစ်လေး ဖြစ်နေရပါမယ်။
တအားကြီး ပျစ်ခဲစရာမလိုပါဘူး။ တအားပျစ်ခဲရင် ကြော်တဲ့အခါ မုန့်သားက အထူကြီးနဲ့ ခဏလေး ပျော့လွယ်ပြီး စားမကောင်းပါဘူး။ ရေများသွားရင်လည်း အကြော်မှာ မုန့်နှစ်မကပ်ပဲ စားမကောင်း ဖြစ်တတ်ပါတယ်။
မုန့်နှစ်ကို ဖျော်ပြီးပြီဆိုရင် မိနစ်နှစ်ဆယ်လောက် မုန့်ပွအောင် ထားထားပေးပါ။
ကြော်မယ်ဆိုလျှင် အိုးထဲမှာ ဆီတော့ များများထည့်ရပါမယ်။ မီးအပူရှိန် များရပါမယ်။
ဆီကျက်ကျက်ပူမှာ လေသလပ်ထားတဲ့ ဗူးသီးကို မုန့်နှစ် အသာအယာနှစ်ပြီး အိုးထဲကို အသာလေး ထည့်လိုက်ရုံပါပဲ။ ဗူးသီးကို မုန့်နှစ်တွေ အများကြီး ကပ်ပေးစရာ မလိုပါဘူး။
ဆီများများ ပူပူမှာ အကြော်တွေကို အိုးချောင်ချောင်လေးနဲ့ မုန့်ပွပွလေး ဖြစ်လာအောင် ထည့်ကြော်ပေးရပါမယ်။
အများကြီး ထည့်ကြော်ရင် အကြော်တွေက ကောင်းကောင်းမပွဘဲ
ပုံမလှပါဘူးနော်။
Credit: လှိုင်လှိုင်
#Unicode
"ဗူးသီးကြော် (သို့) ဂေါ်ရခါးသီးကြော်"
အကြော်မကြော်ခင် ဗူးသီး (သို့) ဂေါ်ရခါးသီးကို အရင်ဆုံး လှီးထားပါ။ ထူထူကြီး မလှီးပါနဲ့ ။
မထူမပါးလေး လှီးပြီး ဗန်းတစ်ခုထဲမှာ လေသလပ်ခံထားပါ။ ရေမစိုပဲ ခြောက်ခြောက်လေး ဖြစ်နေပါစေ....
အကြော်မှုန့်ကို ဇလုံတစ်ခုထဲ ဖောက်ထည့်ပါ။ ချင်းလက်တစ်ဆစ် ထောင်းထည့်ပါ။ ဆော်ဒါမှုန့် ဇွန်းဖျားလောက် ထည့်ပါ။ ဆား၊ အရသာမှုန့် အနည်းငယ်စီ ထည့်ပါမယ်။
အရောင်လေး လှချင်ရင် ဆနွင်းမှုန့် အနည်းငယ် ထည့်ပါ။
အဓိက အရေးကြီးတဲ့ ရေကို ထည့်မယ်ဆိုလျှင် ရိုးရိုးရေအေးကိုပဲ ထည့်ပါ။ ရေနွေး မထည့်ရပါ။
ရေကို ထိန်းပြီး နည်းနည်းချင်းစီ ထည့်ကာ လက်က အကြော်မှုန့်တွေကို ချေပြီး မွှေပေးပါ။
အစိလေးတွေ မကျန်ခဲ့စေပါနဲ့။ အကြော်မှုန် ့တွေ လုံးပြီး ခဲမနေအောင်လို့ သေချာချေပေးပါ။
ရေကို လက်မလွန်အောင် ထိန်းပြီး ထည့်ပါ။ မုန့်နှစ်က ပျစ်ပျစ်လေး ဖြစ်နေရပါမယ်။
တအားကြီး ပျစ်ခဲစရာမလိုပါဘူး။ တအားပျစ်ခဲရင် ကြော်တဲ့အခါ မုန့်သားက အထူကြီးနဲ့ ခဏလေး ပျော့လွယ်ပြီး စားမကောင်းပါဘူး။ ရေများသွားရင်လည်း အကြော်မှာ မုန် ့နှစ်မကပ်ပဲ စားမကောင်း ဖြစ်တတ်ပါတယ်။
မုန့်နှစ်ကို ဖျော်ပြီးပြီဆိုရင် မိနစ်နှစ်ဆယ်လောက် မုန့်ပွအောင် ထားထားပေးပါ။
ကြော်မယ်ဆိုလျှင် အိုးထဲမှာ ဆီတော့ များများထည့်ရပါမယ်။ မီးအပူရှိန် များရပါမယ်။
ဆီကျက်ကျက်ပူမှာ လေသလပ်ထားတဲ့ ဗူးသီးကို မုန့်နှစ် အသာအယာနှစ်ပြီး အိုးထဲကို အသာလေး ထည့်လိုက်ရုံပါပဲ။ ဗူးသီးကို မုန် ့နှစ်တွေ အများကြီး ကပ်ပေးစရာ မလိုပါဘူး။

Post a Comment