ကျမ ရုပ်ဆိုးတယ် စိတ်ဓာတ်မယုတ်ဘူး 😌

ကျမ ရုပ်ဆိုးတယ်
စိတ်ဓာတ်မယုတ်ဘူး 😌


ကျမ အပြုံးရှားတယ်
ဟန်ဆောင်အပြုံးတွေ 
ပြုံးမပြတတ်ဘူး 😌

ကျမ ဆင်းရဲတယ်
ဘယ်တော့မှ 
ငွေမဖြုန်းတီးဘူး 😌

ကျမ ချွေတာတယ်
နေရာတကာ ကပ်စေးမနှဲဘူး 😌

ကျမ အ,တယ်
ဘယ်သူ့ကိုမှ 
မလှည့်စားခဲ့ဖူးဘူး 😌

ကျမ စကားပြောနည်းတယ်
အပိုမဆလာ 
ပလီပလာမပြောတတ်ဘူး 😌

ကျမ ဆက်ဆံရေးညံ့တယ်
လိုတာထက်ပိုပြီး 
မဖားတတ်ဘူး 😌

ကျမ ချစ်တတ်တယ်
အချစ်အတွက်
 ဘဝပျက်မခံဘူး 😌

ကျမ မာနကြီးတယ်
ကိုယ်ကျင့်သိက္ခာကို 
ဘယ်တော့မှရောင်းမစားဘူး 😌

ကျမကို ကြိုက်သလိုဝေဖန်နိုင်တယ်
ကျမကရိုးသားပါတယ်ဆိုပြီး 
ဆိုင်းဘုတ်တပ်မကြော်ငြာဘူး 😌

လူအကြောင်းပေါင်းမှသိတာ 
အဝေးကနေ 
လေထုညစ်ညစ်အောင်အပုတ်ချနေလည်း
 အဲ့ဒီကိစ္စတွေကို ခေါင်းထဲထည့်ပြီး
 ကိုယ့်ကိုကိုယ် အလုပ်မပေးဘူး 😌

I don't care !

သက်ထားခင်(THK)
#crd

Post a Comment

أحدث أقدم

Comments