အောင်မြင်သော အိုင်တီ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာဖို့ နည်းလမ်းများ

အောင်မြင်သော အိုင်တီ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာဖို့ နည်းလမ်းများ 


ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီ ပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံး မှန်ကန်တဲ့ အိုင်တီခေတ် အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။


အိုင်တီ အလုပ်အကိုင်တွေအနေနဲ့

- Professional Level,

- Management Level,

- Executive Level

ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ အခြေခံ အဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ် အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့် ရရှိလာပြီဆိုမှ အထက် အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Professional / Technical Level

 Programmer/ Software Developer
 Systems Analyst/ Analyst Programmer
 Web Developer/ Multimedia Specialist
 Database Administrator
 Network Technician/ Network Administrator
 Systems Technician/ System Administrator
 Instructor/ Lecture

စသည်ဖြင့်် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ကွဲပြားသွားပါတယ်။

Management Level

 IS Manager
 IT Manager
 EDP Manager
 Project Manager
 Systems Manager
 Network System Manager
 Training Manager

ဆိုတဲ့ လုပ်ငန်း အသီးသီးမွာ တာဝန္ခံ မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Executive Level ဖြစ်တဲ့ အမှုဆောင် အရာရွိ အဆင့် များမှာတော့

 Vice President (IT)

 Vice President (Information Service)
 Chief Information Officer ( CIO )
 Chief Technical Officer ( CTO )
 Chief Security Officer ( CSO )
 Technical Director
 IT/IS Director
 IT Project Director

စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခွင့် ရမွာ ဖြစ်ပါတယ်။

အဆင့်မြင့် ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူး တာဝန္မ်ားကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် Software Development ပိုင်း မွာ Junior programmer, Senior Programmer, System
Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။

Network Professional အနေနဲ့ဆိုရင်တော့ Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူး အဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင် အသင့် ၀ငျရောကျနိုငျဖို့ကိုတော့ ဦးစားပေး စဉ်းစားရမှာ ဖြစ်ပြီး အလုပ် အတှေ့အကွုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့ သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့ လိုပါတယ်။ ဒါမွ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အို်င်တီဆိုင်ရာ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူ လေ့လာရမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီ လက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေ ရဖို့ ပြည်တွင်းပြည်ပ ပညာရေး အဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာ
သင်ယူရမှာ ဖြစ်ပြီး Certificate Levelကေတာ့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPAနဲ့ ITPEC တွေကို ဖြေဆိုနို်င်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲ တွေအနေနဲ့ဆိုရင် Online ကေန တိုက်ရိုက် ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Examတွေကိုလည်း အသိအမှတ်ပြု စာစစ္ဌာနေတြမွာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ္ခ လစာ မြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီ ပညာရှင်အဆင့်နဲ့
၀ငျရောကျ လုပ်ကိုင်ဖို့အတွက် ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှု ရှိနေရပါမယ်။

အခြားအရေးကြီးတဲ့ အချက်တွေကတော့

(1) MCPA ( Myanmar Computer Professional Association )
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင် လျှောက်ထားခြင်း

(2) Office Procedure/HR Regulations
ရုံးလုပ်ငန်း အဖွဲ့အစည်း အသီးသီးရဲ့ လုပ္ထုံး လုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း

(3) Knowledge of Business / Domain Knowledge
စီးပွားရေးလုပ်ငန်းအသီးသီး၏ သေဘာတရားမ်ားကို နားလည်အောင် လေ့လာထားခြင်း

(4) Communication Skills
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကား ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း

(5) Social Networking
မိမိဘဝ တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေ အပေါင်းအသင်းများ ရှာဖွေ ဆက်သွယ်ထားခြင်း

(6) Global Outlook
မိမိဒေသ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတကာ ဗဟုသုတမ်ား သိသင့်သည်များ ကြိုတင် လေ့လာထားခြင်း

(7) Role Model
မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင် လမ်းပြပေးနိုင်မည့် စံပြုထိုက်သူ တစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ  ဘီဂိတ်လ်၊ အိုဘားမား)

(8) Efforts
ကြီးမားသော ဇြဲ လုံ့လ ၀ိရိယဖြင့် ကြိုးစား အားထုတ်ခြင်း

(9) Ethic
ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများ ရှိခြင်းတို့ကို ပိုင်နိုင် ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီ ပရော်ဖက်ရှင် တစ်ယောက် ဖြစ်လာမှာ အမှန်အကန် ပါပဲ။

MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး (အတွင်းရေးမှူး - မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း)က ပြောကြားပေးခဲ့တာဖြစ်ပြီး အိုင်တီပညာရှင်
လူငယ္မ်ား ဗဟုသုတ ရစေရန် ပြန်လည် ကောက်နုတ် တင်ပြရခြင်း ဖြစ်ပါတယ်။

Credit
#technolearn
#computerbasictoadvancecourse
#networkengineeringcourse
#essentiallinuxcourse
#ethicalhackingcourse
#websecuritycourse

Post a Comment

Previous Post Next Post

Comments