ကျွန်တော် အသက်ကြီးပြီ
++++++++++++%
*ကိုယ်နဲ့ သိပ်မဆိုင်ဘူးထင်ရင်
ပေါ့ပေါ့ပါးပါး လစ်လျှူရှု့ထားလိုက်တယ်...
*ခေါင်းထဲမထည့်သင့်ဘူးထင်ရင်
ခပ်သွက်သွက်လေး Deleteလုပ်လိုက်တယ်...
*ဦးစားမပေးသင့်ဘူးထင်ရင်
သက်တောင့်သက်သာ ကျောခိုင်းလိုက်တယ်....
*မသင့်တော်ဘူးထင်ရင်
ဘယ်လောက်ဖီးဖီး စုံမှိတ်ငြင်းပစ်လိုက်တယ်...
*မဖြစ်နိုင်တော့ဘူးထင်ရင်
လုံးဝမမျှော်လင့်မိအောင် ကိုယ့်ကိုယ်ကို
သတိပေးထားလိုက်တယ်...
*လုပ်သင့်တယ်ထင်ရင်
လုပ်ကို လုပ်ရမယ် လို့
ကိုယ့်ကိုယ်ကို အမိန့်ပေးထားလိုက်တယ်....
*မလုပ်သင့်တော့ဘူးထင်ရင်
နောက်ဆုတ်ပြန်လှည်ဖို့
ကိုယ့်ကိုယ်ကို အခွင့်အရေးပေးထားလိုက်တယ်...
*ငြင်းသင့်တယ် ထင်ရင်
အားနာတဲ့စိတ်ကို ခဏဖယ်ထားလိုက်တယ်....
*မငြင်းသင့်ဘူး ထင်ရင်
စိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်ဖို့
ဆုံးဖြတ်ထားလိုက်တယ်....
*မက်ခဲ့အိပ်မက်တွေ
သိပ်မမှတ်မိတော့ဘူး....
အရင်လိုလဲ သိပ်စိတ်ကူးမယဉ်တတ်တော့ဘူး...
*အစွန်းရောက်တဲ့
အကောင်းမြင်ခြင်းတွေ၊အဆိုးမြင်ခြင်းတွေ
သိပ်မရှိတော့ဘူး....
*ဝမ်းနည်းမှုတွေ၊ဝမ်းသာမှုတွေ
ခဏခဏမခံစားရတော့ဘူး....
*ကျေနပ်မှုတွေ၊မကျေနပ်မှုတွေ
သိပ်မဖြစ်တော့ဘူး....
*ပျော်စရာတွေကိုလည်း တကူးတက
မရှာချင်တော့ဘူး...
သည်းခံနိုင်ဖို့ကိုလည်း တကူးတက
ကြိုးစားစရာမလိုတော့ဘူး....
*ပေါပေါလောလောစေတနာတွေ
သိပ်မထားဖြစ်တော့ဘူး...
ရှူးရှူးဒိုင်းဒိုင်းဒေါသတွေလဲ
သိပ်မထွက်ဖြစ်တော့ဘူး....
*သီချင်းကိုလည်း ခပ်အေးအေးလေးတွေပဲ
နားထောင်ချင်လာတယ်....
စာ ဆိုရင်လည်း အတွေးပါတာကိုပဲ
သဘောကျလာတယ်..
*အင်း.....
ငါလေ အသက်ကြီးသွားပြီ ထင်ပါရဲ့....
.

Post a Comment