နယ်စပ် က ခေါ်နေတဲ့ ဂျင်းအလုပ်အကိုင်
...
အခုတလော
မြ၀တီနယ်စပ်၊ မဲဆောက် စတဲ့ တ၀ိုက်တွေမှာ ခေါ်နေတဲ့ ဂျင်းအလုပ်အကိုင် တစ်ခု အကြောင်းပြောပြပါမယ်။
ခုအခေါ်များနေတဲ့အလုပ်ကြောင်းပြောပြမယ် ခေါ်တဲ့ပုံစံက
online Game , customer Service, online marketing
အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ် English 4 skill ကျွမ်းရမယ်
computer တက်ရမယ်ဆိုပြီးခေါ်တယ် လစာက နေစားငြိမ်း
၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ်
အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက what app သုံးပြီး လိမ်ရတာပါနော်
နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအရောင်းဆောင်ပြီးရင်းနီးအောင် လုပ်ရတယ်
ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ်
ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေလုပ်ကြောင်းပေါ့
သူ့ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ်
အတိုးဘယ်လောက်ပေးမယ်ပေါ့ ပထမဆုံး ၁ကြိမ် ၂ကြိမ်တော့
အတိုးကို ထည့်ပေးတယ်
ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုတ်နှံမှ ဘလော့ လိုက်ရတာ
ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် ဘလော့ လိုက်ရတာ
အလုပ်ကအပြင်လုံးဝ မထွက်ရဘူး
ထွက်ရလဲ တစ်လတစ်ခါ
အဲ့ဒါလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ
လစာက ပထမဆုံးသာ ၁၂ သိန်း ၁၅သိန်း ပေးတာပါ
နောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာ
မလိမ်နိုင်ရင်လဲ အရို က်ခံရတယ် အထုခံရတယ်
လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို
အိမ်ပြန်ရဖို့လမ်းမရှိတော့ဘူး
သူ့ကို လက်လွှတ်မခံတော့ဘူး
အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ်
တစ်ခါ တလေမအိပ်ရဘူးနော်
မိန်းကလေးတွေဆို နိုင်ငံခြား သားတွေနဲ့ S e.x ch at ရတဲ့အထိ ပါတတ်တယ်
အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်
အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက်ရတာ
ပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေမြို့အစွန်ဖျားတွေမှာ လုပ်ရတာပါ
ခိုးထွက်လို့လဲ မရဘူး
ထွက်ခဲ့ရင် အသက်ပါပေးရပါလိမ့်မယ်
လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော်
ခုမြန်မာပြည်က ပညာတတ်လေးတွေယုံစားပြီး
အရမ်းကို ဒီဘက်တက်လာကြတာ
မြန်မာပြည်က ပညာတတ်လေးတွေ သတိထားစဉ်ချင် နိုင်ဖို့ပါ
အရမ်းကို ဆိုးရွားတဲ့ အလုပ်ပါနော်
သူများဆီက ရတဲ့အပူစာတွေဖြစ်သလို
မိမိလဲ လူလိမ်ဖြစ်
မိမိ အသိုင်း ဝိုင်းလဲမကောင်း
မိမိ အသက်ရှင်ရေးဟာလဲ မသေချာ
အရိုက်ခံအထုခံ အနှိပ်ဆက်ခံ
အလုပ်ကြီးပါ ပညာတက်ကလေးတွေ အများကြီး နွံနစ်ခံနေရလို့
ဒီ ဂျင်းအလုပ်အကိုင်ကြီး အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
...
Crd :

Post a Comment