ယဥ်ကျေးကြသူများ Civilized Society

ယဥ်ကျေးကြသူများ
Civilized Society


ကျွန်တော် တက္ကသိုလ် ဂုဏ်ထူးတန်း ဒုတိယနှစ်ကျောင်းသားလောက်မှာလို့ထင်တယ်။ သူငယ်ချင်း ကိုညွန့်ဝေမိုးက အင်္ဂလိပ်စာ ဂုဏ်ထူးရ အထက်တန်း ကျောင်းသူ ကျောင်းသားတွေရဲ့ Essay လက်ရာတွေကို စံပြအက်ဆေးများဆိုပြီး စာအုပ်တွေထုတ်နေခဲ့ပြီ။ အဲဒီ series ထဲက Letter Writing တစ်အုပ်မှာ အဲဒီခေတ်က တက္ကသိုလ် အင်္ဂလိပ်စာမေးခွန်းတွေမှာ မေးခဲ့တဲ့ ပေးစာအတို Note Writing အခန်းကဏ္ဍတစ်ခုလုံးအတွက် ကျွန်တော့်ကို သီးသန့်ရေးဖို့ ကိုညွန့်ဝေမိုးက တောင်းဆိုခဲ့တယ်။ ရေးပေးခဲ့ပါတယ်။ notes အတိုလေးတွေ ပေးစာ ပြန်စာ စကားပြောဟန် colloquial style လေးနဲ့ရေးခဲ့ရတာ ပျော်စရာ အမှတ်တရပေါ့။ အခု local social media မှာ share နေကြတဲ့ ဒီ notes လေးတွေကိုတွေ့တော့ တစ်ချိန်ကရေးခဲ့တာလေး အမှတ်တရ ဘာသာပြန်လိုက်ပါတယ်။ တစ်ဦးပေါ်တစ်ဦး ဒေါသကင်းစွာ မေတ္တာရှေ့ထားပြီး mutual respect အပြန်အလှန်လေးစားမှုဖြင့် ဆက်ဆံနိုင်ကြပါစေ။ 💕

📍ဦးလေးရေ

ကျနော်က အပေါ်ထပ် အခန်း (၄၀၁) ကပါ။
ခုနက ကျနော်တို့အခန်းရှေ့က ဆိုင်းဘုတ်ဖြုတ်ရင်း ဦးတို့ရဲ့ TV အင်တာနာတိုင်ကို ခိုက်မိသွားပါတယ်။ မလုပ်ခင်မှာလည်း လာပြောပါသေးတယ်။ လူမရှိလို့ပါ။ ပျက်စီးသွားရင် ပြန်လျော်ပေးပါ့မယ်။ တောင်းလည်းတောင်းပန်ပါတယ်။ အခု အလုပ်လေးရှိလို့ အပြင် သွားပါဦးမယ်။ ပြန်လာရင် လူကိုယ်တိုင် လာတောင်းပန်ပါဦးမယ်။
အားနာစွာဖြင့်
ကိုသီဟ
အခန်း (၄၀၁)

Dear Uncle,
I'm from Room 401, your upstairs neighbour.  A while ago, as we  removed the signboard at the front of our room, it accidentally hit your TV antenna. We had come to let you know before we began, but you were not home. We will pay for the damage caused, if there is any. We do apologize to you for that. Now I need to go out on an errand.  On my return, I'll personally come and apologize to you again.
Regretfully,
Ko Thi Ha
Room - 401

📍တူကြီးရေ

ကိစ္စမရှိပါ။ ဒီအင်တင်နာကိုလည်း မသုံးတော့ပါ။ ကျေနပ်ပါတယ်။ အင်တင်နာကြီးက ဆိုင်းဘုတ်ကို ကွယ်သလိုဖြစ်နေတာတောင် ဦးတို့က တောင်းပန်ရမှာပါ။
စိတ်မကောင်းမဖြစ်ပါနဲ့။
ဦးနေလ
(၃၀၁)

Dear neighbour,
It doesn't matter at all. That antenna is no longer in use. It's all right with me. In fact, I am the one to apologize as that antenna might have been blocking your signboard. 
Don't worry. No hard feelings.
U Nay La
301

With love,
Dr.Soe Than
Picture credit to the original uploader

Post a Comment

Previous Post Next Post

Comments