ကွန်ပျူတာဗိုင်းရပ်(စ်)များအကြောင်း
Computer Virus
****************
Computer virus ဆိုတာ
သူ့ကိုသူ attach လုပ်ထားတဲ့ program
(သို့) file တစ်ခုဖြစ်ပြီး
ကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန်ှ့နှံ့ကူးစက်နိုင်ပါတယ်
လူတွေမှာ Virus ကူးသလိုပဲ
ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊
Windows ကို Error တွေများလာအောင်လုပ်မယ်၊
user data တွေကို ဖျက်ဆီးမယ်၊
Hardware တွေ Software တွေ
အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်
စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ
executable fileတွေဖြစ်ကြပါတယ်
ဥပမာ.. chrome.exe, system.bat,
flashy.com စသဖြင့်ပေါ့
သူတို့ဟာ
ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ
သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင်
ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး
ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ၀င်ပဲ
Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...
forward E-mail က attached file တွေ၊
memory stick (flash/thumb drives) တွေ၊
Full sharing ကနေ
virus infected file ထည့်တာတွေ၊
အချင်းချင်း မသိပဲနဲ့ Virus infected file ကို
share လုပ်မိတာတွေစသဖြင့်ပေါ့…
Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး
Malicious Software ကိုပေါင်းစပ်ပြီး
ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့virus လို
program တွေပါပဲ..
အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊
မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး
ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware,
Crimeware and Other Malicious and Unwanted Software တွေပါ၀င်လေ့ရှိပါတယ်..
Worm
Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့
Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိူးမဟုတ်ပဲ
သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံး၀မပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်
အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊
Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်..
network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်..
လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့
Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..
Trojan Horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံး၀င်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်...
ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက
ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ ..
တစ်ကယ်တော့ Game က တရား၀င်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..
♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)
Spyware
သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်..
ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို
သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်...
ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..
(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊
သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့...
တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး
ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်
Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ …
Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်...
Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်....
သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်...
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...
Crimeware
Crimeware ဆိုတာကေတာ့
Spyware, Adware,
hMalware အမျိုးအစားတွေထဲမှာပါပါတယ်..
သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊
အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး
သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့....
ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ ..
keystroke logging software တို့ဟာ
Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်..
အထက်ပါ ComputerVirus အကြောင်းများကို
စာဖတ်သူများ ဗဟုသုတ ရစေရန်
ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
#crd
#technolearn

إرسال تعليق