Friends and Friendship

Friends and Friendship


ကဲ ဒီနေ့ သူငယ်ချင်း မိတ်ဆွေ နဲ့ပတ်သက်တဲ့ အသုံးများ ကိုလေ့လာကြရအောင်။

သူငယ်ချင်းဆိုရင်
best friend= အကောင်းဆုံးသူငယ်ချင်း
a close friend= နီးနီးကပ်ကပ်ပေါင်းသူ
a pal
a buddy
a mate= ဘော်ဒါတွေ (informal use)
a girlfriend/boyfriend= ရည်းစား
an acquaintance= မေးထူးခေါ်ပြောလောက်သိသူ

I don't know that guy very well, he is just a nodding acquaintance.
အဲဒီလူနဲ့မရင်းနှီးဘူး ...မေးထူးခေါ်ပြောလောက်သိတာ။ (nod= ခေါင်းငြိမ့်သည်။ တွေ့ရင် ပြုံးပြီးခေါင်းငြိမ့်ပြရုံနှုတ်ဆက်ရုံလောက်သာ သိသူကို nodding acquaintance)

သူငယ်ချင်းတွေအကြောင်းပြောဘို့ idiom အသုံးတချို့လေ့လာရအောင်.....

a shoulder to cry on= ဝမ်းနည်းနေချိန် ပြောတာတွေနားထောင်ပေးတဲ့ ကြင်နာတတ်တဲ့သူ (ကိုယ်ဝမ်းနည်းနေချိန် သူ့ပုခုံးပေါ်မှီလို့ ပြောတာတွေ နားထောင်ပေးမဲ့သူ)

Whenever I am feeling down, I can always talk to Moe Moe. For me, she's a real shoulder to cry on.
စိတ်အားငယ်ချိန်တွေမှာ မိုးမိုးနဲ့စကားပြောတယ်။ သူကနားထောင်ပြီး ဖြေသိမ့်ပေးတယ်။

to see eye to eye= စိတ်တူ သဘောတူ

We don't always see eye to eye on politics but we are great buddies.
နိင်ငံရေး မှာ သဘောကွဲလွဲကြပေမဲ့ သူငယ်ချင်းကောင်းတွေပါ။

no love lost= မတည့်ကြတော့ဘူး

Threre is no love lost between the two people. ဆိုတာ ချစ်ခြင်းမေတ္တာမရှိတော့ဘူး၊ မတည့်ကြတော့ဘူးလို့ဆိုလိုတယ်။ ဘာသာပြန်မှားတတ်ကြတဲ့ အသုံးတစ်ခုပါ။

We used to be close friends but we became rivals in love. Now there is no love lost between us.
သိပ်ခင်ခဲ့ကြပေမဲ့ ရည်းစားလုဖက်ဖြစ်ပြီး မုန်းသွားကြပြီ။ (rivals in love= ရည်းစားလုဖက်)
 
clear the air= မပြောမဖြစ်ကိစ္စကိုဆွေးနွေးကြပြီ/ရင်ထဲမှာဆက်သိမ်းမထားတော့ဘူး

I did not like it whenever he called my nickname in the class, so I had a chat with him and cleared the air.
သူအတန်းထဲမှာ ငါ့နာမည်ပြောင်ခေါ်တာ မကြိုက်ဘူးလို့ ရှင်းသွားအောင် ဖွင့်ပြောလိုက်တယ်။

patch up our differences= သဘောမကျတာတွေ ပြေလည်အောင်ညှိလိုက်တယ် (အဝတ်တွေ ပြဲပေါက်ရင် ဖာထေးတာကို patch up လို့သုံးတယ်။ differences ကတော့ သဘောကွဲလွဲမှုတွေ)

I used to quarrel a lot with my friend, but I apologized to him and we patched up our differences. 
သူငယ်ချင်းနဲ့စကားများလေ့ရှိတယ် ... တောင်းပန်ပြီး ဖာဖာထေးထေးနဲ့ပြန်အဆင်ပြေသွားပြီ။

through thick and thin= အေးအတူပူအမျှ

My friend and I have been through thick and thin for years since we left school.
အထက်တန်းကျောင်းပြီးကတည်းက နှစ်ပေါင်းများစွာကောင်းတိုင်ပင်ဆိုးတိုင်ပင်သူငယ်ချင်းတွေပါ။

two-faced= ရှေ့တမျိုးကွယ်ရာတမျိုးဖြစ်သော
fair-weather friend= သာပေါင်းညာစား

usage တွေသိပြီဆိုရင် မိမိဘာသာ အသံထွက်ပြီးပြောကြည့်ကြ လေ့ကျင့်ကြပါ။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment

أحدث أقدم

Comments